Sunday , September 24 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ / အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

မြင့်ဟိန်း(မြစ်မခ)

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အများပိုင် ဘတ်စ်ကားလိုင်းများတွင် အမျိုးသမီးများ ယာဉ်မောင်း တာဝန် ထမ်းဆောာင် လိုပါက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ သိရှိရသည်။

ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် စိတ်ဝင်စားသူအမျိုးသမီးများကို အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး သင်ကြားပြီးပါ က လုပ်ငန်းအတွေ့အကြုံရရန်အတွက်လည်း လက်တွေ့မောင်းနှင်ခြင်းများနှင့် အလုပ်ခန့်ထားခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီသည် ပထမဆုံး အမျိုးသမီးယာဉ်မောင်းတစ်ဦးကို ခန့်အပ်ထားပြီး အမျိုးသမီးယာဉ်မောင်းများ ထပ်တိုးစေရန် ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီးတွေကို အားကျအတုယူပြီး အခြားအမျိုးသမီးတွေ တာဝန် ထမ်းဆောင်မယ်ဆိုရင် သူတို့ကိုလက်တွဲခေါ်သွားမယ်။ ယာဉ်မောင်းခြင်းအတတ်ပညာကို သင်ပေးသွားမယ်။ ချက်ချင်းတော့ အမျိုးသမီးယာဉ်မောင်းဦးရေ မတိုးနိုင်ဘူးဆိုပေမယ့် တစ်ဆင့်ချင်းစီတော့ တိုးသွားမယ်။”ဟု Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

ဘက်စ်ကားစနစ်များပိုမိုခေတ်မီလာပါက ယာဉ်မောင်းသူများ၏အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ယာဉ်နောက်လိုက်အခန်းကဏ္ဍမှာ ပျောက်လာမည်ဖြစ်သောကြောင့် အမျိုးသမီးယာဉ်မောင်းများ ခန့်အပ်ရန် စီစဉ်လာရခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးအပ်တာ ဖြစ်သင့်ပါတယ်။ သင်ပေးမယ်ဆိုတဲ့အစီအစဉ်ကိုလည်းကြိုဆိုပါတယ်။”ဟု ပုဇွန်တောင်မြို့နယ်တွင်နေထိုင်သည့် ကိုကျော်လွင်ကပြောသည်။

Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီသည် ပြောင်းလဲလိုက်သည့် ရန်ကုန်မြို့ဘတ်စ်ကားလိုင်းစနစ်သစ် (YBS)၌ နံပါတ်(၂၁)လိုင်းတွင်ဝင်ရောက်ပြေးဆွဲနေခြင်းဖြစ်ပြီး မသန်စွမ်းများစီးနင်းနိုင်မည့် ဘတ်စ်ကားများကို လည်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Check Also

အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟုဆို

ဂျူဗီလီထွန်း(မြစ်မခ)   အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟု တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီမှ ဗဟိုအမျိုးသမီးကော်မတီကြီးတာဝန်ခံ ဒေါ်တင်တင်ထွေးက ပြောဆိုလိုက်သည်။ ရန်ကုန်မြို့ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးချုပ်တွင်ပြုလုပ်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး …