Saturday , May 27 2017
Home / သတင်း / အမျိုးသမီးများဆိုင်ရာ / အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟုဆို

အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟုဆို

ဂျူဗီလီထွန်း(မြစ်မခ)

 

အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟု တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီမှ ဗဟိုအမျိုးသမီးကော်မတီကြီးတာဝန်ခံ ဒေါ်တင်တင်ထွေးက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးချုပ်တွင်ပြုလုပ်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်

“အမျိုးသားတွေကတော့ သူတို့ပိုက်ဆံပေးပြီးရင် ပြီးရောလေ။ အမျိုးသမီးတွေက အိမ်ထဲမှာနေပြီး ကိုယ်မွေး ထားတဲ့ သား၊ သမီးတွေကို ပြုစုပျိုးထောင်ရမယ်။ သူပေးတဲ့ ပိုက်ဆံနဲ့ ညီမျှတဲ့အသုံးစရိတ်ကို မိသားစုတစ်ခုလုံး အတွက် စီမံခန့်ခွဲရဦးမယ်။ ပြီးတော့ လူမှုရေးလုပ်ငန်းတွေလည်း လုပ်ရဦးမယ်။ မိန်းကလေးတွေ အိမ်မှာနေပြီး တော့ အလုပ်တွေပိုလုပ်ရတယ်။” ဟု တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီမှ ဗဟိုအမျိုးသမီးကော်မတီကြီး တာဝန်ခံ ဒေါ်တင်တင်ထွေးကပြောသည်။

အိမ်ထောင်တစ်ခုတွင် အမျိုးသမီးများ၏ တာဝန်များကို အမျိုးသားများကပါ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသူများထံမှ သိရသည်။

“ကျွန်တော်ကတော့ အမျိုးသမီးများဟာ အမျိုးသားများထက် တာဝန်သုံးဆပိုယူ ထားတယ်ဆိုတယ် လို့တော့ မထင်ဘူး။ အမျိုးသားများလည်း အမျိုးသမီးများလို တာဝန်ယူတာကတော့ အတူတူပဲလို့ ထင်ပါတယ်။ အမျိုး သားနဲ့ အမျိုးသမီးခွဲခြား ဆက်ဆံတာကိုတော့ ပုံသေသတ်မှတ်လို့မရဘူး နေရာ၊ ဒေသ အလိုက်လည်းကွာ သေးတယ်။ အမျိုးသမီးများက အားနည်းတော့ အနုစိပ်တဲ့အလုပ်ကို ပိုလုပ်ရလို့ အချိန်ပိုကုန်ပြီး ပိုပင်ပန်းတာ ပေါ့။”ဟု လေရှီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောသည်။

အချို့ဒေသများတွင် မိရိုးဖလာ၊ ထုံးတမ်းအစဉ်အလာတို့အရ ခွဲခြားဆက်ဆံနေရသည့် အမျိုးသမီးများရှိနေကြ သေးကြောင်း ကျား၊ မတန်းတူအခွင့်အရေးရရှိရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

Check Also

အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အများပိုင် ဘတ်စ်ကားလိုင်းများတွင် အမျိုးသမီးများ ယာဉ်မောင်း တာဝန် ထမ်းဆောာင် လိုပါက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ သိရှိရသည်။ ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် …