Thursday , October 18 2018
Home / FNews / သီလဝါဆိပ်ကမ်းတွင် မတ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော(၇)စီးထိ ဆိုက်ကပ် သမိုင်းတစ်လျှောက် အများဆုံး ဆိုက်ကပ်ခြင်းဖြစ်

သီလဝါဆိပ်ကမ်းတွင် မတ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော(၇)စီးထိ ဆိုက်ကပ် သမိုင်းတစ်လျှောက် အများဆုံး ဆိုက်ကပ်ခြင်းဖြစ်

 

ကျော်မျိုးထွဋ် (မြစ်မခ)

ရန်ကုန်၊ မတ် ၂၂ ရက်။

ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းတွင် မတ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော(၇)စီးအထိ ဆိုက်ကပ်ခဲ့ခြင်း မှာ သမိုင်းတစ်လျှောက် အများဆုံးဖြစ်သဖြင့် ခရီးသွားကဏ္ဍ တိုးတက်လာခြင်းပင်ဖြစ်ကြောင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။

သီလဝါဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာလှည့် အပျော်စီးသင်္ဘော(၃)စီးဆိုက်ကပ်ခဲ့ပြီး မတ်လအတွင်း ၂၂ ရက်အထိ (၆)စီးဆိုက်ကပ်ခဲ့ကာ လာမည့် မတ် ၃၀ ရက်တွင် နောက်တစ်စီး ထပ်မံ ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။

“တစ်လအတွင်း (၇)စီးလာတယ်။ ဆိပ်ကမ်းမှာလည်း တစ်ပြိုင်တည်း(၃)စီးဆိုက်ကပ်နေတာ တစ်ခါမှ မရှိ ခဲ့ဘူး။ အဲဒါကြောင့် ခရီးသွားလုပ်ငန်းတိုးတက်လာတယ်။ အပျော်စီးသင်္ဘောလာတဲ့သူတွေက ပိုက်ဆံရှိတဲ့သူ များတယ်။ သူတို့တွေက ဟိုတယ်ကြီးတွေမှာနေတာထက် မြန်မာတွေဆောက်တဲ့ အိမ်မှာနေပြီး မြန်မာ့ရိုးရာ အ စားစာတွေ စားချင်ကြတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးတက်ဖို့ တပ်ဖွဲ့အနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးစောင့် ရှောက်ပေးနေပါတယ်။ အဲဒါကြောင့် တပ်ဖွဲ့မြင်တာနဲ့ စိတ်ချမ်းသာသွားကြတယ်။ လုံခြုံရေးစောင့်ရှောက်မှု လုပ် ပေးနေပါလားဆိုပြီးပေါ့။”ဟု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ ရန်ကုန်တပ်ဖွဲ့စုမှ ရဲအုပ် ကျော်ဇောက ပြောသည်။

Myanmar Voyages International Tourism ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းမှ လာရောက်သည့် ခရီးသည်(၅၀၃)ဦးပါဝင်သော ကမ္ဘာလှည့်အပျော်စီးသင်္ဘော MV AMADEA သည် မတ် ၂၂ ရက်၊ နံနက်(၇း၀၀)နာရီတွင် ရောက်ရှိလာကြောင်း သိရသည်။

Diethelm Travel ကုမ္ပဏီလီမိတက်၏အစီအစဉ်ဖြင့် ခရီးသည်(၃၂၀)ဦးပါဝင်ပြီး ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းမှ ရောက်ရှိလာသော ကမ္ဘာလှည့်အပျော်စီးသင်္ဘော Ms.Europa နှင့် Myanmar Voyages International Tourism ကုမ္ပဏီလီမိတက်၏အစီအစဉ်ဖြင့် ခရီးသည်(၄၀၀)ဦးပါဝင်ပြီး မလေးရှားနိုင်ငံ၊ ပိုလန်ဆိပ်ကမ်းမှ အ ပျော်စီးသင်္ဘော MV Black Watch သည် မတ် ၂၀ ရက်က ရောက်ရှိလာသဖြင့် လက်ရှိတွင် သင်္ဘော(၃)စီး တစ်ပြိုင်တည်းဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာလှည့်အပျော်စီးသင်္ဘောမှ ခရီးသည်များသည် ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ မန္တလေး၊ ပဲခူးစသည့် နေရာများသို့ လည်ပတ်မည်ဖြစ်ကာ နိုင်ငံပေါင်းစုံမှ ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြပြီး သက်ဆိုင်ရာကုမ္ပဏီများက ဦးရွှေရိုး၊ ဒေါ်မိုးအကတို့ဖြင့် ကြိုဆိုခဲ့ကြကာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အန္တရာယ်ကင်း ရှင်းရေး၊ လုံခြုံရေးစောင့်ရှောက်ရေးများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

“သဘောင်္ရောက်တာနဲ့ ကူညီစောင့်ဆိုင်းပေးတယ်။ သူတို့သွားလည်မယ့်နေရာတွေကို အဲဒီမှာရှိတဲ့ တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတယ်။ အဲဒီအဖွဲ့ကနေ အန္တရာယ်ကင်းရှင်းအောင် ကူညီစောင့်ရှောက်ဆောင်ရွက်ပေးတယ်။ ၂၀ ရက်ကရောက်တဲ့ သင်္ဘောပေါ်မှာလည်း ဗြိတိန်နိုင်ငံသူ အဘွားတစ်ဦး ပန်းနာရင်ကျပ်ဖြစ်လို့ ပါရမီဆေးရုံက ဒေါက်တာဇော်ဝင်းအောင်နဲ့အဖွဲ့က လာစောင့်ဆိုင်းပြီး တပ်ဖွဲ့က ပူပေါင်းကူညီပြီး ဆေးရုံရောက်အောင် ပို့ဆောင် ပေးခဲ့တယ်။”ဟု ရဲအုပ်ကျော်ဇောက ဆက်ပြောသည်။

ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသွား အပျော်စီးသင်္ဘောများ ဆိုက်ရောက်လာပြီး ခရီးသွားလုပ်ငန်းတိုးတက်လာခြင်း အပေါ် အားလုံးဝိုင်းဝန်းကူညီပံ့ပိုးရန်လိုအပ်ပြီး ခရီးသွားများသည် တန်ဖိုးအသင့်အတင့်ရှိသော မြန်မာနိုင်ငံတွင်း ထွက် ပယင်း၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းတို့ကို လက်ဆောင်အဖြစ်ဝယ်ယူရန် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …