Wednesday , March 7 2018
Home / သတင်း / ခရီးသွားလာရေးသတင်း / ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း နဝဒေးတံတားမှ ရွှေဘုံသာမုနိဘုရားကြားတွင် ဟိုတယ်ဇုန်များဖော်ဆောင်ရန် စီစဉ်နေ

ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း နဝဒေးတံတားမှ ရွှေဘုံသာမုနိဘုရားကြားတွင် ဟိုတယ်ဇုန်များဖော်ဆောင်ရန် စီစဉ်နေ

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ သြဂုတ်(၃)ရက်။

ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း နဝဒေးတံတားမှ ရွှေဘုံသာမုနိဘုရားကြားတွင် Tourism Attractive Zone အဖြစ် သတ်မှတ်၍ ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်ဇုန်များ ဖော်ဆောင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထား ကြောင်း သိရသည်။

“အဲဒီ ဟိုတယ်ဇုန်များဖော်ဆောင်နိုင်ရန် ခန့်မှန်းမြေဧရိယာဧက(၂၀၀)ခန့်ကို လျာထားပြီး ပထမ တိုင်းတာမှု များဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းတာမှုဆောင်ရွက်ပြီး နောက်ပိုင်း ပြည်သူလူထုကိုချပြ၍ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။“ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်း ကပြောသည်။

သြဂုတ်(၃)ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်  ပဉ္စမပုံမှန် အစည်အဝး (၃၈)ရက်မြောက် နေ့တွင် ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်မေးမြန်းရာတွင် ဒုတိယဝန် ကြီးက ယင်းကဲ့သို့ဖြေဆိုခြင်းဖြစ်သည်။

“နိုင်ငံတော်၏ စီမံကိန်းအသစ်များ၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှုများပြုလုပ်ရာ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ အထိုက်အလျောက်ရှိပြီး ဖြစ်သည့် ပန်းတောင်းမြို့နယ် အပါအဝင်အခြားဒေသများနှင့် တူညီစွာ ဆောင်ရွက်ရန် အတွက် မေးမြန်းရခြင်းဖြစ်ပါတယ်။”ဟု ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကသည်။

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထာင်စုဘဏ္ဍာရန်ပုံငွေကျပ် (၆၉၅.၄၇၀) သန်းနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် (၂၆၈၆.၀၆၃) တို့ဖြင့် စီမံကိန်းသစ်များ ဆောင်ရွက် ရန် စီစဉ်နေကြောင်း သိရသည်။

Check Also

မြနန်းစံကျော် ရွှေနန်းတော်ကို အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး လာရောက်​လေ့လာ

မင်းခန့်​ (မြစ်​မခ) မန္တလေး၊ ဇွန်​ ၁၃ ရက်။ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်သို့ ပြည်တွင်းပြည်ပမှ ဧည့်​သည်​များ လာရောက်လည်ပတ်လေ့လာ လျှက်ရှိရာ အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး …