Monday , November 27 2017
Home / သတင်း / ခရီးသွားလာရေးသတင်း / ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေသူများ၏ လုံခြုံရေးအတွက် ငွေကျပ်သိန်း(၃၀)ခန့် အကုန်ကျခံကာ CCTV ကင်မရာများ တပ်ဆင်မည်

ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေသူများ၏ လုံခြုံရေးအတွက် ငွေကျပ်သိန်း(၃၀)ခန့် အကုန်ကျခံကာ CCTV ကင်မရာများ တပ်ဆင်မည်

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဇူလိုင် ၄ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေသူများ၏ လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ဇင်းကျိုက် ရေတံခွန်လုပ်ငန်းကော်မတီမှ သိရှိရသည်။

ဇင်းကျိုက်ရေတံခွန်တွင် အရေးပေါ်အခြေနေတစ်ခု ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင် ရန်၊ မူးယစ်ရမ်းကားသူများနှင့် ခါးပိုက်နှိုက်များအား ထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူများ စိတ်လက်အေးချမ်းစွာနေ နိုင်ရန်ရည်ရွယ်၍ တပ်ဆင်သွားမည်ဖြစ်ကြောင်း ဇင်းကျိုက်ရေတံခွန်လုပ်ငန်းကော်မတီဥက္ကဌ ဦးမြင့်အောင်က ပြောသည်။

“အချို့ရက်တွေဆို ရေတံခွန်လာတဲ့လူက တစ်ရက်တည်းကို သိန်းကျော်တယ်။ဥပမာ ဝါဆိုလပြည့်နေ့နဲ့ လပြည့် ကျော်ရက်တွေ၊ ဒီလိုရက်တွေမျိုးမှာဆို မူးယစ်ရမ်းကားတဲ့သူတွေ၊ ခါးပိုက်နှိုက်တွေကို စောင့်ကြည့်နိုင်ဖို့အပြင် ရေတံခွန်ကို လာတဲ့သူတွေထဲက အရေးပေါ်အခြေနေတစ်ခုဖြစ်လာရင် အချိန်မီသိရှိကယ်ဆယ်နိုင်ဖို့ တပ်ဆင် သွားမှာပါ။ တပ်ဆင်တဲ့နေရာမှာလည်း အန္တရာယ်ရှိနိုင်တဲ့နေရာတွေ လူအများစုရှိတဲ့နေရာတွေ ဝင်လမ်း၊ ထွက် လမ်းတွေမှာ တပ်ဆင်သွားမှာပါ။”ဟု ဦးမြင့်အောင်က ပြောသည်။

CCTV ကင်မရာများ တပ်ဆင်ပြီးပါက ရေတံခွန်တဝိုက်အခြေအနေအား စောင့်ကြည့်နိုင်မည်ဖြစ်ကာ အရေးပေါ် အခြေအနေများအား ကူညီဖြေရှင်းနိုင်ရန် လုံခြုံရေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးအဖွဲ့များ စီစဉ် ထာကြောင်း ဇင်းကျိုက်ရေတံခွန်လုပ်ငန်းကော်မတီမှ သိရသည်။

ဇင်းကျိုက်ရေတံခွန်တစ်ဝိုက်တွင် CCTV ကင်မရာ(၈)လုံး တပ်ဆင်သွားမည်ဖြစ်ကာ CCTV တပ်ဆင်မှုအတွက် ကုန်ကျမည့် ငွေ ကျပ်သိန်း(၃၀)ဝန်းကျင်အား ရေတံခွန်လုပ်ငန်းများမှ ကောက်ခံရရှိထားသောငွေများမှ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး CCTV တပ်ဆင်မှုလုပ်ငန်းများအား ဝါဆိုလပြည့်နေ့အမီ အပြီးတပ်ဆင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“CCTV တပ်ထားတာက ကောင်းပါတယ်။ ဘာလို့လဲဆို ဝါဆိုလပြည့်တို့၊ လပြည့်ကျော် တစ်ရက်တို့ဆိုတာ လူ လာတာ အရမ်းများတယ်။ မူးယစ်သောက်စားပြီး ရေတံခွန်က တားမြစ်ထားတဲ့ နေရာတွေသွားတယ်။ ပြုတ်ကျ သေတယ်။ နောက်ပြီး ရေနစ်သေတယ်။ ဒါတွေက နှစ်တိုင်းနီးပါးလောက်ဖြစ်နေတယ်။ နောက် လုံခြုံရေး အင်အားက နည်းတော့ နေရာတိုင်းမစောင့်ကြည့်နိုင်ဘူး။”ဟု ဇင်းကျိုက်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မိုးရာသီကျရောက်ပါက ဇင်းကျိုက်ရေတံခွန်သို့ လာရောက်ရေကစားသူ များပြားလျက်ရှိကာ နှစ်စဉ် လူပေါင်း သိန်းကျော် လာရောက်အပန်းဖြေလေ့ရှိပြီး အထူးသဖြင့် ဝါတွင်းကာလ လပြည့်ရက်များတွင် အစည်ကားဆုံးဖြစ် ကြောင်း သိရသည်။

Check Also

ပြည်ပခရီးသွားများထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ မေလ (၁)ရက်။ ပြည်ပခရီးသွားဧည့်သည်များထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ …