Wednesday , March 7 2018
Home / FNews / ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်သော်လည်း ဧည့်ဝင်ရောက်မှုနည်းပါးနေ

ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်သော်လည်း ဧည့်ဝင်ရောက်မှုနည်းပါးနေ

 

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ ဇွန် ၃၀ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြသော်လည်း  ဧည့် သည်ဝင်ရောက်မှုနည်းပါးနေခြင်းကြောင့် လုပ်ငန်းများ အဆင်မပြေဖြစ်နေကြကြောင်း ကျောက်ဖြူမြို့ခံ ဟိုတယ် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

“ဒီနှစ်မှာ ဗာရဏသီ နိုင်ငံတကာအဆင့်မြင့်ဟိုတယ်နဲ့ ပင်လယ်ကမ်းခြေအနီးမှာ အဆင့်မြင့်ဟိုတယ်(၂)လုံး တိုးချဲ့တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်ဝင်ရောက်မှုက မရှိသလောက်ပါ။ ဒေ သတွင်းခရီးသွားကုန်သည်တွေနဲ့ ပြည်တွင်းမှ စီးပွားရေးလုပ်ရှင်တွေရဲ့ဝင်ရောက်မှုကလည်း (၁၀)ရာခိုင်နှုန်း နီးပါးပဲရှိတယ်။ ဘယ်လိုမှ လုပ်ငန်းအဆင်မပြေသေးဘူး။”ဟု ကျောက်ဖြူမြို့ရှိ မေဖုန်းမိုရ်ဟိုတယ်ပိုင်ရှင် ဦးတင်အောင်စိုးကပြောသည်။

ကျောက်ဖြူမြို့တွင် ၂၀၁၅ ခုနှစ်အတွင်းက မေဖုန်းမိုရ်ဟိုတယ်၊ SERI ဟိုတယ်၊ PLACE ဟိုတယ် စသည့် အ ဆင့်မြင့်ဟိုတယ်(၅)လုံး၊ မိုတယ်(၂)လုံးနှင့် အဆင့်မြင့်အထူးဧည့်ရိပ်မွန်(၄)လုံးရှိခဲ့ပြီး အထူးစီးပွားရေးဇုန်စီမံ ကိန်းကိုမျှော်ကိုး၍ ၂၀၁၆ ခုနှစ်အတွင်းမှ စတင်ကာ နိုင်ငံတကာအဆင့်မီ ဗာရဏသီဟိုတယ်နှင့် ဂုံးချိန်ကျေးရွာ အနီး အဆင့်မြင့်ဟိုတယ်ငယ်(၂)လုံး တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဒီမှာက စစ်တွေလို ပြည်နယ်အဆင့် အစိုးရရုံးစိုက်ဌာနဆိုရင် ပြည်တွင်းနဲ့ ဒေသတွင်းဧည့်တွေနဲ့တောင် အဆင် ပြေမှာ။ အခုမိုးရာသီဆို ဧည့်ဝင်ရောက်မှုက မရှိအနေအထားဖြစ်နေပြီး မီတာခ၊ ဝန်ထမ်းတွေရဲ့ လစာစရိတ် လောက်တောင် မကာမိဘူး။ အထူးစီးပွားရေးဇုန်စီမံကိန်းဝင်လာရင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ကိုင်နေကြရတာပါ။”ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်တွင်းနှင့် ဒေသတွင်းဧည့်သည်များအနေဖြင့်လည်း စက်မှုဇုန်စီမံကိန်းကိစ္စ၊ ကုမ္ပဏီလုပ်ငန်းကိစ္စများဖြင့်သာ အများဆုံးဝင်ရောက်လေ့ရှိသည်ဟုဆိုသော်လည်း ပျမ်းမျှဧည့်ဝင်ရောက်မှုသည်(၁၅)ရာခိုင်နှုန်းဝန်းကျင်သာရှိ ကာ လက်ရှိ မိုးရာသီကာလများတွင် (၁၀)ရာခိုင်နှုန်းအောက်ထိကျဆင်းနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံ မှ သိရသည်။

Check Also

မန္တလေးဈေးချို တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများ ငှားရမ်းလိုပါက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမည်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ ၈ ရက်။ မန္တလေးဈေးချိုတော်၏ တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများကို ငှားရမ်းဖွင့်လှစ် မည်ဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ …