Tuesday , November 28 2017
Home / သတင်း / Transportation / လားရှိုး-မူဆယ်လမ်းတွင် ကားသေးများ ဖြတ်သန်းခကြိုတင်ငွေဖြည့်ကတ်စနစ် ဇွန်လကုန်တွင် စတင်မည်

လားရှိုး-မူဆယ်လမ်းတွင် ကားသေးများ ဖြတ်သန်းခကြိုတင်ငွေဖြည့်ကတ်စနစ် ဇွန်လကုန်တွင် စတင်မည်

ကျော်မျိုးထွဋ်(မြစ်မခ)

မန္တလေး၊ ဇန်နဝါရီလ (၂၀) ရက်။

မန္တလေး- လာရှိုး- မူဆယ်လမ်းတစ်လျှောက် ကားသေးများ ဖြတ်သန်းခအား ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့်စနစ်ကို ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင် စတင်သွားမည်ဖြစ်ကြောင်း အဆိုပါ စနစ်အသုံးပြုနိုင်ရေး တာဝန်ယူလုပ်ဆောင်နေသည့် Oriental Highway Company Limited မှ သိရှိရသည်။

မန္တလေး- လာရှိုး- မူဆယ်လမ်းတစ်လျှောက် ဖြတ်သန်းခအား ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့် စနစ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ လက်ရှိအချိန်ထိ ကားကြီးအစီးရေ (၂၀၀) ခန့်တွင် အသုံးပြုနေပြီ ဖြစ်ကြောင်း Oriental Highway Company Limited မှ စီမံကိန်းမန်နေဂျာ ဦးတင်ကိုကိုထံမှ သိရသည်။

“အခုလက်ရှိအချိန်ထိ ကားကြီးကတော့ နှစ်ရာနီးပါး အသုံးပြုနေကြပြီး ကားသေးအတွက်တော့ ဇွန်လကုန်ပိုင်း လောက် မှန်းထားပါတယ်။ ပြင်ဆင်စရာလေးတွေ ကျန်နေလို့ပါ။ လမ်းဖြတ်သန်းခပေးချေရာမှာ မြန်ဆန်
လွယ်ကူစေရန်နှင့် လမ်းဖြတ်ခနှုန်းထား အတိအကျအတိုင်း အပိုအလိုမရှိ ပေးဆောင်နိုင်မှာပါ။ ကတ်ပေး လိုက်တာနဲ့ ဖြတ်ပိုင်းလေး ထွက်လာပြီး လက်ကျန်ဘယ်လောက်ရှိလဲ သိနိုင်ပါတယ်။” ဟု Oriental Highway Company Limited မှ စီမံကိန်းမန်နေဂျာ ဦးတင်ကိုကိုက ပြောသည်။

ကြိုတင်ငွေဖြည့်ကတ်ပြုလုပ်ရန် ယာဉ်မောင်းနာမည်၊ ယာဉ်နံပါတ်တို့ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အနည်းဆုံး ကျပ်ငါးသောင်းသွင်းရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ ကတ်အား အခြားမော်တော်ယာဉ်အတွက် လွှဲပြောင်းအသုံးပြုခွင့်၊ ပေးချေခွင့်ရရှိမည်မဟုတ်ကြောင်း Oriental Highway Company Limited မှ သိရသည်။

Oriental Highway Company Limited က တာဝန်ယူဆောင်ရွက်နေသည့် မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်း (မန္တလေးမြို့ ထုံးဘိုမှ မူဆယ်အထိ)တွင် တိုးဂိတ်(၁၄)ခုရှိပြီး မန္တလေးမြို့ (ကျောက်ချောတိုးဂိတ်)၊ကျောက်မဲမြို့ (ကျောက်မဲတိုးဂိတ်)၊ လာရှိုးမြို့ (လာရှိုးမြို့ရှောင်လမ်းတိုးဂိတ်)နှင့် မူဆယ်မြို့ (မူဆယ် ၁၀၅ မိုင် တိုးဂိတ်) တို့တွင် ကတ်အတွင်း ငွေထပ်မံဖြည့်တင်းခြင်းအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Check Also

၂၀၁၇ သင်္ကြန်ကာလမတိုင်ခင် မန္တလေး-မူဆယ်လမ်းပိုင်းယာဉ်လိုင်းများ ယာဉ်စီးခတိုးမြှင့်ကောက်ခံမည် မဟုတ်

မင်းခန့် (မြစ်မခ) မန္တလေး၊ မတ် (၂၄) ရက်။ မန္တလေး-မူဆယ် ကားလမ်းပိုင်းတွင် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအနေဖြင့် သင်္ကြန်မတိုင်ခင် ကာလအတွင်း ယာဉ်စီးခများတိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း ပြည်ကြီးမျက်ရှင်ကားဝန်းရှိ …