Monday , June 4 2018
Home / FNews / Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ ဇွန် ၄ ရက်။

ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship စမတ်ဖုန်များဖြစ်သည့် Huawei P20 နှင့် P20 Pro ကို ဇွန်လ(၃)ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

Huawei P20 ကို Twilight၊ Black၊ Midnight Blue ဟူ၍ အရောင်သုံးမျိုး၊ Huawei P20 Pro ကို Black၊ Midnight Blue နှင့် Pink Gold ဟူ၍ အရောင်သုံးမျိုးတို့ ထုတ်လုပ်ထားပြီး Huawei P20 မှာ ကျပ် ၈၅၉၀၀၀၊ Huawei P20 Pro မှာ ကျပ် ၁၀၉၉၀၀၀ ရှိကြောင်း သိရသည်။

“ဖုန်းတစ်လုံးထဲမှာ ဥာဏ်ရည်တုပါဝင်တဲ့အတွက် အသုံးပြုသူတွေကို ဘယ်လောက်ထိ အထောက်အပံ့ပေး လည်းဆိုတာကို ပြပါတယ်။ AI ကဘာကောင်းသွားလဲဆိုရင် သူကဓါတ်ပုံရိုက်တဲ့ အချိန်မှာ အော်တိုအလင်း အမှောင်ချိန်ပေးသွားတယ်။ နေရောင်နည်းနေတယ်တဲ့ အချိန်မှာဆိုရင် အလင်းထည့်ပေးတယ်။ သဘာဝ အတိုင်း အရောင်တွေကို ပြန်ပြီးတော့ ချိန်ညှိပေးတယ်။ အရင်တုန်းက ကင်မရာတစ်လုံးမှာ အလင်း အမှောင် ချိန်တဲ့ဟာ ရှိသလိုပေါ့။ AI ကတော့ ပြန်ချိန်စရာမလိုပါဘူး။ အသုံးပြုသူက လုပ်စရာမလိုဘူး။ သူ့ဟာသူအော်တို လုပ်ဆောင်သွားပြီးသားပါ။ နောက်ထပ် AI ကနေ အရာအဝတ္တုအကြောင်းအရာ ၁၉ ခုကို ခွဲခြားသတ်မှတ်နိုင် တယ်။ အဲ့ဒါက လူလား ၊ မိန်းမလား၊ ယောင်္ကျားလား၊ တိရစ္ဆာန်လား၊ ပန်းလား၊ အစားအသောက်လားပေါ့ နော်။” ဟု Huawei Device Myanmar ၏ Marketing Director မခင်ရတနာဝင်းက ပြောသည်။

အဆိုပါစမတ်ဖုန်း၌ ဓါတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံကို မြှင့်တင်လိုက်သည့် Huawei P20 Pro တွင် 40 MP RGB sensor၊ အဖြူအမည်း ဓါတ်ပုံများကို ဖမ်းယူပေးမည့် 20MP monochorome sensor၊ တယ်လီဖိုတို မှန်ဘီလူးအတွက် 8 MP sensor တို့ပါဝင်ပြီး Huawei P20 တွင် 12 MP RGB Sensor နှင့် 20 MP monochorome sensor ပါဝင်ကာ မတူညီသော မြင်ကွင်းနှင့် အရာဝတ္တု  ၁၉ မျိုးကိုလည်း ခွဲခြားသိမြင်နိုင်စွမ်း ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီးတော့ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေ ပေါ်ပေါက်လာမှုနဲ့ အတူ မိုဘိုင်းဖုန်းဦးစားပေး ဈေးကွက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းအသုံးပြု သူတွေကြားမှာ စဖတ်ဖုန်းတွေ ဆက်လက်ခေတ်စားလာဦးမယ်လို့ မှန်းထားပါတယ်။ Huawei က Telenor အသုံးပြုသူတွေအကြားမှာ ရေပန်းအစားဆုံး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့အတွက် သူရဲ့ထိပ်တန်းစမတ် ဖုန်းတွေ နဲ့အတူ ကောင်းမွန်တဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံတွေကို ပေးစွမ်းဖို့ ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် ဒေတာ လက်ဆောင်တွေ ပေးအပ်ဖို့အတွက် Huawei နဲ့ အခုလိုပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။”ဟု Telenor Myanmar ၏ Corporate Communications ဌာနမှ Senior Manager ကို အဲလက်စ် ညီညီမောင်က ပြောသည်။

Huawei စမတ်ဖုန်းများသည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာ့ဈေးကွက်သို့ ဝင်ရောက်လာခဲ့ရာ လက်ရှိတွင် P Series၊ Mate Series၊ Y Series၊ Nova Series တို့ကို ထုတ်လုပ်လျက်ရှိရာ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ဝင်ငွေ စုစု ပေါင်း အမေရိကန်ဒေါ်လာ (၉ ၂.၅) ဘီလီယံရရှိ၍ ၂၀၁၆ ခုနှစ်ထက် ၁၅.၇ ရာခိုင်နှုန်းကျော်လွန်ခဲ့ကာ အမြတ် ငွေ အမေရိကန်ဒေါ်လာ (၇.၃) ဘီလီယံ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

Huawei သည် ၂၀၁၈ ခုနှစ်အတွက် Forbes မှ သတ်မှတ်သည့် တန်ဖိုးကြီးမားဆုံး ထုတ်ကုန်အမှတ် တံဆိပ် စာရင်းတွင် နံပါတ် (၇၉) နေရာ၌ ရပ်တည်လျက်ရှိပြီး Brand Z မှ ၂၀၁၈ ခုနှစ်အတွက် သတ်မှတ်သည့် တန်ဖိုး ကြီးမားဆုံး ထုတ်ကုန်အမှတ်တံဆိပ်စာရင်းတွင်လည်း နံပါတ် ၄၈ နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

Check Also

ဂျင်းဘောင်းဘီအကွဲဝတ်သူတွေသာ နားလည်နိုင်မယ့် ဒုက္ခတွေ

  ၁၈၇၀ ပြည့်နှစ်တွေထဲမှာ Loeb Strauss လို့ခေါ်တဲ့ ဂျာမန်လူမျိုး စီးပွားရေးသမားတစ်ယောက်ဟာ ပထမဆုံး ဂျင်းဘောင်းဘီကို စတင်ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အလုပ်ကြမ်းလုပ်တဲ့ အလုပ်သမားတွေ …