Friday , September 22 2017
Home / သတင်း / နည်းပညာသတင်း / ကျေးလက်ဒေသရှိ စွန့်ဦးတီထွင်အမျိုးသမီးများအတွက် ပံ့ပိုးမှုများ ဦးစားပေးဆောင်ရွက်ရန်လိုအပ်

ကျေးလက်ဒေသရှိ စွန့်ဦးတီထွင်အမျိုးသမီးများအတွက် ပံ့ပိုးမှုများ ဦးစားပေးဆောင်ရွက်ရန်လိုအပ်

ပိုင်ထက် (မြစ်မခ)

အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်ကျေးလက်ဒေသရှိစွန့်ဦးတီထွင်အမျိုးသမီးများအတွက် ကူညီပံ့ပိုးမှုများကို ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသူများထံမှ သိရှိရသည်။

အမျိုးသမီးများအနေဖြင့် တိုင်းပြည်အခြေအနေအရ ပဋိပက္ခဖြစ်ပွားသည့် လူအရောက်ပေါက် နည်းသည့်နေရာများ ကျေးလက်ဒေသများ တောင်တန်းဒေသများရှိတိုင်းရင်းသားအမျိုးသမီးများကို စီးပွားရေး လုပ်ဆောင်ရန်အတွက် နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့်လည်း ကျေးလက်ဒေသရှိ အမျိုးသမီးများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

”အမျိုးသမီးတွေအတွက် အသေးစားချေးငွေက ချေးလို့ရတဲ့ လူရှိတယ်။ မရတာရှိတယ်။ အထူးသဖြင့်ကျေးလက်နေအမျိုးသမီးတွေပိုမို အခက်ခဲတွေဖြစ်နေတယ်။ အလှမ်းဝေးတယ်။မထိရောက်နိုင်ဘူး မပေါက်ရောက်ဘူး။”ဟု NGO Gender Group မှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်မေမေပြုံးက ပြောသည်။

လက်ရှိ အမျိုးသမီးအိမ်တွင်းစက်မှုလုပ်ငန်းလေးတွေအနေဖြင့် ဈေးကွက်သို့ရောက်ရှိရန်အခက်ခဲများရှိနေပြီး နီးစပ်ရာပတ်ဝန်းကျင်ကသာ တစ်ပိုင်တစ်နိုင်ရောင်းချသည့်အဆင့်များတွင်သာရှိနေကြောင်းဒေါ်မေမေပြုံးက ပြောသည်။

ပုဂ္ဂလိက ပိုင်းအရ အသေးစားချေးငွေနှင့် ပတ်သက်ပြီး အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကို စနစ်တကျ သေချာစွာ ချေးငွေချထားပေးရမည်ဖြစ်ပြီးအစိုးရအနေဖြင့်လည်း အမျိုးသမီး အခွင့်ရေးမြင်တင့်ပေးသည့်အနေဖြင့် ဥပဒေများကိုပြန်လည်ရေးဆွဲသင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသူများထံမှ သိရသည်။

မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များအား အားပေးမြှင့်တင်ခြင်းဖိုရမ်တစ်ခုကို မတ်လ ၄ ရက်က ရန်ကုန်ရှိ အင်လျားလိတ်ဟိုတယ်တွင် သြစတေးလျပညာသင်ဆုရ ကျောင်းသားဟောင်းများအသင်း က ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

”အသေးစားအလတ်စား အမျိုးသမီးလုပ်ငန်းရှင်တွေကို ချေးငွေပိုင်းမှာ ပိုမိုလုပ်ဆောင်ဖို့လိုတယ်။နည်းပညာပိုင်းအရ အထောက်ပံများလည်း လိုအပ်ပါတယ်။”ဟု သြစတေးလျ ပညာသင်ဆုရကျောင်းသားဟောင်းများအသင်း မှ အဖွဲ့ဝင် မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များအား အားပေးမြှင့်တင်ခြင်း ဖိုရမ်ဦးဆောင် ကျင်းပသူ ဒေါက်တာခင်ရူပကျော်က ပြောသည်။

အဆိုပါ ဖိုရမ်တွင်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအတွက် အုပ်စုဖွဲ့ ဆွေးနွေးမှုများ အသေးစားချေးငွေကိစ္စ နည်းပညာပိုင်း လက်လမ်းမှီရန်  စီးပွားရေးတစ်ခုလုပ်ရင် ပတ်ဝန်ကျင်းကောင်းများ ဘယ်လိုဖော်ဆောင်မလဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အချက်အလက်များကို သြစတေးလျသံရုံးသို့ပေးပို့သွားမည်ဖြစ်ကြောင်း ဒေါက်တာခင်ရူပကျော်က ပြောသည်။

သြစတေးလျသံရုံးအနေဖြင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များပိုမိုထွက်ပေါ်လာရန် ကူညီမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့စည်းများနှင့်လည်းချိတ်ဆက်ပေးမည်ဖြစ်ကာ အစိုးရကိုလည်းတွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Check Also

မန္တလေးတွင် မှတ်ပုံတင်များကို စမတ်ကတ်ဖြင့် ထုတ်ပေးနိုင်ရန် စတင်စမ်းသပ်နေ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေးတိုင်းဒေသကြီးအတွင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမျိုးသားမှတ်ပုံတင်ကတ် များကို စမတ်ကတ်ဖြင့်ထုတ်ပေးနိုင်ရန် လုပ်ငန်းစဉ်စမ်းသပ်မှုများကို ဒီဇင်ဘာ ၁၃ ရက်တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်းအားကစားခန်းမ၌ …