Saturday , May 27 2017
Home / FNews / မန္တလေးတွင် မှတ်ပုံတင်များကို စမတ်ကတ်ဖြင့် ထုတ်ပေးနိုင်ရန် စတင်စမ်းသပ်နေ

မန္တလေးတွင် မှတ်ပုံတင်များကို စမတ်ကတ်ဖြင့် ထုတ်ပေးနိုင်ရန် စတင်စမ်းသပ်နေ

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေးတိုင်းဒေသကြီးအတွင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမျိုးသားမှတ်ပုံတင်ကတ် များကို စမတ်ကတ်ဖြင့်ထုတ်ပေးနိုင်ရန် လုပ်ငန်းစဉ်စမ်းသပ်မှုများကို ဒီဇင်ဘာ ၁၃ ရက်တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်းအားကစားခန်းမ၌ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စမတ်ကတ်ပြုလုပ်နိုင်ရန် ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းရပ်ကွက်ဝန်းကျင်တွင်နေထိုင်သည့် အသက် (၁၈)နှစ်အထက်ပြည့်သူ(၄၀၀၀)ကျော်အား အချက်အလက်များ ကောက်ယူစမ်းသပ်နေခြင်းဖြစ်ပြီး ယင်းလုပ် ငန်းစဉ်သည် တစ်လဝန်းကျင်ခန့်ကြာမြင့်နိုင်ကာ လုပ်ဆောင်မှု အပေါ်မူတည်ကြောင်း သိရသည်။

“စမတ်ကတ်လုပ်လို့ရအောင် data ကောက်တဲ့အဆင့်ဖြစ်ပါတယ်။ တကယ်လို့ စမတ်ကတ်ထုတ်ပေးမယ်ဆို ဘယ်ဥပဒေနဲ့ထုတ်ပေးမလဲ။ စမ်းသပ်ကာလမှာရော ဒီစနစ်က ကောင်းလား၊ မကောင်းလားဆိုတာ နေပြည် တော်မှာလည်း စမ်းသပ်နေပါပြီ။ စမတ်ကတ်ထုတ်မယ်၊ မထုတ်ဘူးဆိုတာတော့ တိတိကျကျမသိသေးပါဘူး။” ဟု မန္တလေးတိုင်းဒေသကြီး၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ချယ် ကပြောသည်။

စမ်းသပ်ကာလအနေဖြင့်ပြုလုပ်ရန် ညွှန်ကြားထားသောကြောင့် ဌာနတွင်းဝန်ထမ်းများသည် ဒစ်ဂျစ်တယ်စက် များကျွမ်းကျင်မူရှိစေရန်စမ်းသပ်သည့်အနေဖြင့် အချက်အလက်ကောက်ယူလုပ်ဆောင်ခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ် စနစ်ဖြစ်သောကြောင့် အချက်အလက်တိကျခိုင်မာနိုင်ကြောင်း သိရသည်။

“စမတ်ကဒ်လုပ်တဲ့အတွက် အကြံအဖန်လုပ်လို့မရဘူး။ လုပ်ရတာ လက်ဝင်တာတစ်ခုပါပဲ။ လက်ဗွေနဲ့ ပုံရိပ်ဖတ် တာရယ်၊ မျက်လုံးမှာလည်း လူတစ်ယောက်နဲ့တစ်ယောက် အရောင်ကအစ သူငယ်အိမ်မတူတာတွေရှိပါတယ်။ အခုလိုလုပ်တာ အရမ်းကောင်းပါတယ်။ အရင်စနစ်ထက် အခုဟာကို ပိုပြီးနှစ်သက်ပါတယ်”ဟု ဒေသခံ ဦးမြင့်သိန်းကပြောသည်။

ယင်းကဲ့သို့ စမတ်ကတ်ဖြင့်လုပ်ဆောင်နိုင်ရန်စမ်းသပ်မှုတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများသည် အိမ်ထောင်စု ဇယားမိတ္တူနှင့် မှတ်ပုံတင်ယူဆောင်လာရပြီး အချက်အလက်ရေးသွင်းကာ ဒစ်ဂျစ်တယ်စက်များဖြင့် လက်ဗွေ မှတ်ခြင်း၊ မျက်လုံးအား ပုံရိပ်ဖတ်ခြင်းများ စမ်းသပ်ပြုလုပ်နေသည်ကို တွေ့ရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …