Thursday , October 18 2018
Home / FNews / 2018 ရှရှား ကမ္ဘာ့ဖလားပြိင်ပွဲကနေ အင်္ဂလန်အသင်းနှုတ်ထွက်ပြီး သပိတ်မှောက်မှာလား

2018 ရှရှား ကမ္ဘာ့ဖလားပြိင်ပွဲကနေ အင်္ဂလန်အသင်းနှုတ်ထွက်ပြီး သပိတ်မှောက်မှာလား

 

အင်္ဂလန်နိုင်ငံဟာ ရှရှားနဲ့ သံတမန်ရေးရာ တင်းမာမှုတွေဖြစ်နေတာကြောင့် ဒီနှစ်နွေရာသီမှာ ကျင်းပမယ့် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ဘောလုံးအသင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အချက်ဟာ မေးခွန်းထုတ်စရာ အချက်တစ်ချက် ဖြစ်လာပါတယ်။ ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်မပြိုင်ဘဲ သပိတ်မှောက်လိုက်မယ်ဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ

ဗြိတိန်နိုင်ငံရဲ့ သူလျှိုတစ်ဦးဖြစ်တဲ့ ရှရှားလူမျိုး Sergei Skripal နဲ့ သူ့ရဲ့ သမီးတို့ကို ရှရှားလူမျိုးတွေက အဆိပ်ခတ်လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့တာကြောင့် ရှရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗြိတိန်က ၀န်ကြီးတွေရော၊ တော်ဝင်မိသားစုဝင်တွေပါ သွားရောက်မှာ မဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က ကြေငြာခဲ့ပါတယ်။ ဒီလိုလုပ်ကြံမှုကြောင့် ရှရှားဟာ ဗြိတိန်ရဲ့ တင်းမာတဲ့ တုန့်ပြန်မှုကို ခံရမှာဖြစ်ပြီး ဗြိတိန်နိုင်ငံက အားကစားကိုယ်စားလှယ်အဖွဲ့ဟာ ရှရှားကမ္ဘာဖလားပြိုင်ပွဲမှာ ပုံမှန်အတိုင်း ဖြစ်ဖို့ကတော့ မလွယ်ပါဘူးလို့ နိုင်ငံခြားရေး အတွင်းရေးမှူး Boris Johnson က ပြောခဲ့ပါတယ်။

အခြေအနေတွေအပေါ် တုန့်ပြန်မှုတွေ

ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်မှုမရှိဘဲနဲ့ သပိတ်မှောက်တဲ့ ကိစ္စကို ကန့်ကွက်ပါတယ်လို့ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာဟောင်းဖြစ်သူ Dvaid Davies က ပြောပါတယ်။ ပြိုင်ပွဲကနေ ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်တာ၊ ဒါမှမဟုတ် ဘောလုံးအဖွဲ့ချုပ်ကို အသင်းတစ်သင်းသင်းကို ထုတ်ပယ်ဖို့ ပြောဆိုတာတွေကို အရမ်းကြီး အလေးအနက်ထားမဆောင်ရွက်ခဲ့ပေမယ့် အခုတော့ ပြောင်းလဲနေပါပြီလို့ သူက ဆက်ပြောခဲ့ပါတယ်။

အင်္ဂလန်ဟာ ပြိုင်ပွဲကို သပိတ်မှောက်ပြီး ရှရှားကို အပြစ်ပေးလိုက်တာပဲလို့ ရှရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌါနကမှတ်ချက်ပြုပါတယ်။ အရေးကြီးတာကတော့ အင်္ဂလန်အသင်း လာချင်စိတ်ရှိလားမရှိလားဆိုတဲ့အချက်ပါပဲလို့ ရှရှားဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌက ဆိုပါတယ်။ အင်္ဂလန်အသင်းရဲ့ မန်နေဂျာ Gareth Southgate ကတော့ သူ့ရဲ့ အသင်းသားတွေကို သွားချင်လားမသွားချင်လားဆိုပြီး တစ်ဦးချင်းစီ မရွေးချယ်ခိုင်းချင်ဘူးလို့ ဆိုပါတယ်။

ဖြစ်လာမယ့်အကျိုးဆက်တွေ

အင်္ဂလန်အသင်းပရိတ်သတ်တွေဟာ ရှရှားကို သွားဖို့အတွက် ပြင်ဆင်ပြီးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အရင်တစ်ခေါက် ဘရာဇီးနိုင်ငံ ကမ္ဘာ့ဖလားအတွက်ကို လက်မှတ်ပေါင်း ၉၆၇၈၀ စောင် ကြိုတင်မှာယူမှုပြုလုပ်ခဲ့ကြပေမယ့် အခုရှရှား ကမ္ဘာ့ဖလားအတွက်ကိုတော့ လက်မှတ် ၂၄၁၂၅ စောင်သာ မှာယူမှု ပြုလုပ်ခဲ့ကြပါတယ်။ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်လိုက်မယ်ဆိုရင် ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်မှာဖြစ်ပြီး အပြစ်ဒါဏ်အနေနဲ့ ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲတချို့ကနေ ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမစတင်ခင် ရက်ပေါင်း ၃၀ ကျော်အတွင်းမှာ ပြိုင်ပွဲကနေ နှုတ်ထွက်သွားတဲ့ အသင်းတွေအနေနဲ့ ဒါဏ်ကြေးငွေ ၁၉၀၅၁၃ ပေါင်ကို ပေးဆောင်ရမှာဖြစ်ပြီး ပြိုင်ပွဲမစတင်ခင် ရက်ပေါင်း ၃၀ အတွင်းမှာ နှုတ်ထွက်တဲ့ အသင်းတွေအနေနနဲ့ ပုံမှန်ဒါဏ်ကြေးရဲ့ ၂ ဆကို ပေးဆောင်ရမှာဖြစ်တယ်လို့ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ဖော်ပြထားပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …