Monday , November 27 2017
Home / FNews / ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကျင်းပ

ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကျင်းပ

နေမျိုးလှရွှေ (မြစ်မခ)

ကသာ၊ ဧပြီ (၃) ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃)ရက်မှ(၅)ရက်ထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲကို လူငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စစ်တုရင်ကစားနည်းပိုမိုတိုးတက် စေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မား၍ အမှားအမှန်ဝေဖန်ခွဲခြားနိုင်စေရန်၊ ခရိုင်အဆင့်တိုင်းအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကျင်းပခဲ့ကြောင်း သိရသည်။

“ကသာခရိုင်မှာ ပြိုင်ပွဲလာရောက်ကစားတယ်။ ကောလင်းမြို့မှာတော့ စစ်တုရင်ကစားနည်းကို အဓိက ကစား တာများတယ်။ ယောမင်းကြီးကလပ်၊ ရွှေတောင်နေဝန်းကလပ်ဆိုပြီးရှိတယ်။ နေ့စဉ်လူငယ်တွေ ကလပ်မှာ ကစားတာ မပြတ်ဘူး။ ကလပ်တွေမှာ ကစားသူတွေကို ရွေးထုတ်ပြီး လာရောက်ပြိုင်တာပါ။ ပြီးခဲ့တဲ့နှစ်က တံခွန်စိုက်ဆုကို ကောလင်းမြို့ကရခဲ့တယ်။” ဟု ကောလင်းမြို့စစ်တုရင်နည်းပြဆရာ ဦးမြင့်စိုးက ပြောသည်။

ယင်းကစားပွဲမှ အနိုင်ရသူများကို တိုင်းအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ကစားနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပင်လည်ဘူးမြို့အနေနဲ့ကတော့ ကသာခရိုင်မှာ ပထမဆုံးလာရောက်တယ်။ ပင်လည်ဘူးမှာ စစ်တုရင်မျိုးဆက် တွေ အားနည်းနေပါသေးတယ်။ အပျော်တမ်းကစားသမားလေးတွေလည်း အတွေ့အကြုံရအောင်လာခဲ့ကြ တယ်။ ဒီပွဲပြီးသွားရင်ပီပီပြင်ပြင်ဖွဲ့စည်းပြီး မျိုးဆက်သစ်တွေအတွက် စစ်တုရင်ကိုပိုမိုကစားမှု အားကောင်း လာအောင် ဆောင်ရွက်သွားရမယ်။”ဟု ပင်လည်ဘူးစစ်တုရင်ကစားသမားအဖွဲ့မှ ကိုစောထွန်းနိုင်က ပြောသည်။

အဆိုပါစစ်တုရင်ကစားပွဲအား ကသာမြို့မီတာ(၄၀၀)အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားနေပြီး ကသာခရိုင်(၇) မြို့နယ်အတွင်းရှိ အလွတ်တန်း(၂၈)ဦး၊ U20 အောက်(၇)ဦး၊ ရိုးရာစစ်တုရင်(၅)ဦးအားလူရွေးပွဲ ကစား၍ တိုင်း အဆင့်ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …