Friday , September 22 2017
Home / သတင်း / အားကစားသတင်း / ထားဝယ်-မြိတ်သို့ မတ်လအတွင်း ဘောလုံးအကယ်ဒမီအတွက် လူငယ်မျိုးဆက်သစ်များ လာရောက် ရွေးချယ်မည်

ထားဝယ်-မြိတ်သို့ မတ်လအတွင်း ဘောလုံးအကယ်ဒမီအတွက် လူငယ်မျိုးဆက်သစ်များ လာရောက် ရွေးချယ်မည်

 

သီဟ (မြစ်မခ)

ထားဝယ်၊ မတ်(၂၀)ရက်။

ဘောလုံးအကယ်ဒမီများအတွက် အသက် ဆယ့်တစ်နှစ်နှင့် ဆယ်နှစ်နှစ်အောက် လူငယ်မျိုးဆက်သစ် ကစားသမားများ ရှာဖွေရန် မတ်လအတွင်း ထားဝယ်နှင့် မြိတ်မြို့များသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်မှ  လာရောက် ရွေးချယ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံဦးစီးဌာနမှ သိရှိရသည်။

ထားဝယ်မြို့သို့ မတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့နှင့် မြိတ်မြို့သို့ မတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လာရောက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။   

“၀င်ရောက်ရွေးချယ်ခံချင်တဲ့ ကလေးတွေအနေနဲ့ လိုအပ်တဲ့စာရွက်စာတန်းတွေနဲ့အတူ ခရိုင် အား/ကာ ရုံးတွေမှာ စာရင်းပေးလို့ရပါတယ်။”ဟု တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံဦးစီးဌာနမှ  လက်ထောက် ညွန့်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။

ဝင်ရောက်အရွေးချယ်ခံမည့်သူများအနေဖြင့် လာရောက်စာရင်းပေးရာတွင် မွေးစာရင်း၊ အိမ်ထောင်စု စာရင်းနှင့် ကျောင်းထောက်ခံစာတို့ကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထားဝယ်တွင် ၀င်ရာက်ရွေးချယ်ရန်စားရင်းပေးထားသူအရေအတွက် (၂၈) ဦး၊ မြိတ်တွင် (၆)ဦးနှင့် ကော့သောင်းတို့မှ(၁၆) ရွေးချယ်ခံရန်စာရင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲချူပ်အနေဖြင့် ဘောလုံးအကယ်ဒမီကျောင်းများကို ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် မြို့များတွင် ဖွင့်လှစ်ထားပြီး အဆိုပါ အကယ်ဒမီကျောင်းများအတွက် ပဏာမ ကစားသမား(၂၀၀)ကျော်ကို
မြို့နယ် (၅၂)ခုမှ ရွေးချယ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အား/ကာ ရုံးမှ သိရသည်။

Check Also

မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှ ငြိမ်းချမ်းအောင် ပြန်လည်ကစားနိုင်တော့မည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ (၁၆)ရက်။ ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာအနားယူနေရသည့် မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှကစားသမား ငြိမ်းချမ်းအောင် မကြာခင် အချိန်တွင် ဘောလုံးပြန်လည်ကစားနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။