Wednesday , March 7 2018
Home / FNews / ထိုင်းနိုင်ငံမှအဆင့်(၆)ပါဝင်မည့် မြန်မာ-ထိုင်း-လာအို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ပြုလုပ်မည်

ထိုင်းနိုင်ငံမှအဆင့်(၆)ပါဝင်မည့် မြန်မာ-ထိုင်း-လာအို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ပြုလုပ်မည်

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ ဇန်နဝါရီ (၆) ရက်။

မြန်မာ-ထိုင်း-လာအို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပထမဆုံးအနေဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်အား အလေးပြုခြင်း မြန်မာ့ရိုးရာလက်ဝှေ့သရုပ်ပြအစီအစဉ်များ ထည့်သွင်းပြုလုပ်သွားမည်ဖြစ် ကြောင်း လက်ဝှေ့ပွဲစီစဉ်သူ ဦးဒသ၏ ပြောဆိုချက်အရ သိရှိရသည်။

ယင်းလက်ဝှေ့ပွဲတွင် ထိုင်းနိုင်ငံမှ အဆင့်(၆)ရှိသည့် အားကစားသမားပါဝင်မည်ဖြစ်ပြီး အဆိုပါ လက်ဝှေ့ပွဲကို ဇန်နဝါရီ ၆ ရက်၊ ညနေ(၆)နာရီတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒိုင်းမွန်ဗလာဇာ(၅)လွှာတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်မှာ တစ်ခါမှမလုပ်သေးဖူးပါဘူး။ အခု လက်ဝှေ့ယိမ်း ပြဖို့ကို ထိုင်း၊ လာအိုကစားသမားတွေနဲ့  တိုင်ပင်နေပါတယ်။ အဆင်ပြေသွားရင် မြန်မာ့ရိုးရာလက်ဝှေ့အတွက် အောင်မြင်မှုတစ်ခုပါ။ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေအနေနဲ့ စည်းကမ်းရှိဖို့လိုအပ်ပါတယ်။”ဟု ဦးဒသက ပြောသည်။

လက်ဝှေ့ပွဲစဉ်(၈)ခုပါဝင်မည်ဖြစ်ပြီး တူးတူးနှင့် ထိုင်းနိုင်ငံတွင်အဆင့်(၆) Chana Jon၊ သွေးသစ်ဝင်းလှိုင်နှင့် Phra Lung Choi၊ ထွန်းလွင်မိုးနှင့် Hung Lan Lex၊ ဗထူးမောင်နှင့် Phai See Cunt၊ ဗျ ဂ္ဃနှင့် Fa Him၊ စိုး မောင်ဦး(ရတနာပုံ)နှင့် စောသဲဦး (STL)၊ အံပွား(United)နှင့် မိုက်မိုက်(STL)၊ မင်းထက်သာ(တောင်ဇလပ်)နှင့် ပြုံးပြုံးလေး(ဟံသာဝတီသား)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ကြည့်ရှုအားပေးမည့်ပရိသတ်များအနေဖြင့် တစ်သောင်းကျပ်တန်လက်မှတ်၊ နှစ်သောင်းကျပ်တန်လက်မှတ်၊ သုံးသောင်းကျပ်တန်လက်မှတ်စသည်ဖြင့် အသီးသီးကြည့်ရှုအားပေးနိုင်ပြီး လက်မှတ်ဝယ်ယူလိုပါက(၇၈)လမ်း နှင့် (၃၃)လမ်းထောင့်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာ အဆင့်ဝင်ဖို့ခက်ခဲပါတယ်။ လူဦးရေ(၅၀၀)လောက်ပတ်လည်ထိုးပြီး ပထမရမှစာရင်းဝင်တာပါ။ ဒီပွဲမှာက ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ ရှုံးသွားရင် လိုအပ်ချက်တွေထပ်ပြီးလေ့ကျင့်မယ်။ နိုင်ခဲ့ရင် မြန်မာ့ရိုး ရာလက်ဝှေ့က ထိုင်းနိုင်ငံအဆင့်(၆)ကိုယှဉ်နိုင်တဲ့အတွက် ဂုဏ်ယူရမှာပါ။”ဟု ပွဲစီစဉ်သူ ဦးဒသကပြောသည်။

ယခုလက်ဝှေ့ပွဲသည် နိုင်ငံကာပြိုင်ပွဲအနေအထားဖြစ်သဖြင့် လုံခြုံရေးအား ဒိုင်းမွန်ဗလာဇာမှ အထူးသင်တန်းပို့ ချထားသော ဝန်ထမ်းများ၊ ရဲအင်အား၊ မီးသတ်အင်းအား၊ ရပ်ကွက်အုပ်ချုပ်ရေးမှတာဝန်ရှိသူများဖြင့် အထူးကြပ် မတ်ဆောင်ရွက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ အဆင့်(၆)လက်ဝှေ့အားကစားသမားအား ပထမဆုံးအကြိမ် ဖိတ်ခေါ် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Check Also

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ …