Friday , September 22 2017
Home / FNews / မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှ ငြိမ်းချမ်းအောင် ပြန်လည်ကစားနိုင်တော့မည်

မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှ ငြိမ်းချမ်းအောင် ပြန်လည်ကစားနိုင်တော့မည်

မြင့်ဟိန်း(မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ (၁၆)ရက်။

ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာအနားယူနေရသည့် မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှကစားသမား ငြိမ်းချမ်းအောင် မကြာခင် အချိန်တွင် ဘောလုံးပြန်လည်ကစားနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းအောင်သည် ညာဘက်ဒူးအရွတ်စုတ်ပြဲသည့် ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၌ ဆေးစစ်ခဲ့ရာ ဒဏ်ရာအခြေအနေမှာ တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။

“ဒဏ်ရာအခြေအနေက (၉၅)ရာခိုင်နှုန်းလောက်ကောင်းမွန်လာပါပြီတဲ့၊ ကစားသမားဘဝကို ပြန်လည်ပိုင်ဆိုင် သွားပါပြီ။ ဒီတစ်ခေါက် ဘန်ကောက်မှာဆေးစစ်မှုခံယူတာ နောက်ဆုံးအကြိမ်ပါ။”ဟု ငြိမ်းချမ်းအောင်ဆေးကုသ ရာတွင်လိုက်ပါသွားခဲ့သည့် ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်မြတ်မြတ်ဦးကပြောသည်။

ကွင်းလယ်ကစားကွက်ဖန်တီးရှင်အဖြစ်လူသိများခဲ့သည့် ငြိမ်းချမ်းအောင်သည် မြန်မာ ယူ-၁၉ ဘောလုံးအသင်း နှင့်အတူနာမည်ရလာခဲ့သည့် ကစားသမားဖြစ်သော်လည်း ၂၀၁၅ ခုနှစ်က ယူ-၂ဝ ဥရောပခြေစမ်းခရီးစဉ်အ တွင်း ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် မြန်မာ ယူ-၂ဝ အသင်းပါဝင်ယှဉ်ပြိုင်ခဲ့သည့် ယူ-၂ဝ ကမ္ဘာ့ဖလားပွဲ စဉ်များကိုပါ လွဲချော်ခဲ့ရသူဖြစ်သည်။

“ပြန်ကစားနိုင်တော့မယ်ဆိုတဲ့သတင်းက အရမ်းကိုဝမ်းသာပါတယ်။ လက်ရှိ မြန်မာ့လက်ရွေးစင်ဘောလုံးအ သင်း ကွင်းလယ်မှာမရှိမဖြစ်လိုအပ်နေတဲ့ ကစားသမားပါ။ အရင်ကခြေစွမ်းကောင်းတွေနဲ့ ပြန်လာခဲ့ဖို့မျှော်လင့်ပါ တယ်။”ဟု မြန်မာဘောလုံးပရိသတ် ကိုအေးမင်းအောင်ကပြောသည်။

ငြိမ်းချမ်းအောင်သည် မနောမြေဘောလုံးအသင်းမှ ရန်ကုန်ယူနိုက်တက်အသင်းသို့ လွန်ခဲ့သည့်တစ်နှစ်ကျော်က ပြောင်းရွေ့လာခဲ့သူဖြစ်သော်လည်း ဒဏ်ရာကြောင့် ခြေစမ်းပွဲများတွင်သာ ပါဝင်ကစားနိုင်သေးကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …