Monday , December 18 2017
Home / FNews / ဆိုက္ကားနင်းပြီး ချမ်းသာအောင်လုပ်နိုင်သည်ဟု တိုင်းဧရာ ၀န်ကြီးချုပ်ပြောကြား

ဆိုက္ကားနင်းပြီး ချမ်းသာအောင်လုပ်နိုင်သည်ဟု တိုင်းဧရာ ၀န်ကြီးချုပ်ပြောကြား

မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ)

 

ဆိုက္ကားနင်းပြီး ချမ်းသာအောင်လုပ်နိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ပုသိမ်မြို့တွင် အနှေးယဉ်လုပ်သားများနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဦးသိန်းအောင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ဇူလိုင်လ ၂၀ ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အနှေးယာဉ်ဂိတ်ပေါင်း (၁၆၆) ဂိတ်မှ လုပ်သား (၆၅၀)ဦးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဆိုက္ကားနင်းရရင် ချမ်းသာအောင်လုပ်နိုင်တယ်။ စီမံခန့်ခွဲတတ်ရမယ်။ စဉ်းစားဆင်ခြင် တတ်ရမယ်။ ဆင်းရဲသားတွေ ချမ်းသာဖို့အတွက် အမြဲတမ်း စဉ်းစားတယ်။ နောက်သက်တမ်းမှာ ကျွန်တော်တို့ရှိချင်မှ ရှိမယ်။ ဒါကအရေးမကြီးပါဘူး။” ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်ကပြောသည်။

မိမိတို့အစိုးရသည် ပြည်သူရွေးကောက်သော အစိုးရဖြစ်သောကြောင့် တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အလွှာအသီးသီးနှင့် တွေ့ဆုံရန်လိုအပ်သည့်အတွက် ပုသိမ်မြို့တွင် အခြေခံအကျဆုံး အနှေးယာဉ်လုပ်သားများ ဖြင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲကို ပုသိမ်မြို့အနှေးယာဉ်ကြီးကြပ်ရေးဌာနက အနှေးယာဉ်လုပ်သားများကို ဖိတ်ကြားပေးခြင်း ဖြစ်ပြီး တက်ရောက်ခဲ့သူ အနှေးယဉ်လုပ်သားများကို ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီက တစ်ဦးလျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် ကျပ် (၁၃) သိန်းကုန်ကျခံခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် အနှေးယာဉ်လုပ်သားများထံမှသိရသည်။

“၀န်ကြီးချုပ်က အနှေးယာဉ်လုပ်သားတွေနဲ့ တွေ့ဆုံမယ်ဆိုလို့ ကျွန်တော်တို့ကိုဖိတ်ပေးပါပြောတယ်။ အဲဒါကြောင့် ဖိတ်ပေးခဲ့တယ်။ အနှေးယာဉ်လုပ်သားတွေ ဖြစ်တဲ့အတွက် နေ့စဉ် ပုံမှန်ငွေရရှိမှ အဆင် ပြေမှာဖြစ်လို့ ပေးလိုက်တဲ့ငွေလည်း ကျွန်တော်တို့စည်ပင်သာယာကော်မတီကပဲ ကျခံပေးလိုက်ပါတယ်။” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်အုန်းက ပြောသည်.။

ပုသိမ်မြို့ပေါ်တွင် အနှေးယဉ်လုပ်သား (၃၀၀၀) ကျော်ရှိနေပြီး ယခုတွေ့ဆုံပွဲသို့ လာရောက်သော အနှေးယာဉ်လုပ်သားများမှာ ပုသိမ်မြို့ပေါ်ရှိ အနှေးယဉ်လုပ်သား၏ လေးပုံတစ်ပုံခန့်သာရှိကြောင်း ပုသိမ်မြို့ အနှေးယာဉ်လုပ်သားကော်မတီစာရင်းများအရ သိရသည်။

Check Also

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။ “စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ …