Friday , March 23 2018
Home / FNews / ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

 

သီဟလွင် (မြစ်မခ)

ပြည်၊ မတ် ၂၃ ရက်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိခဲ့ကြောင်း ပြည်မြို့နယ်အခွန်များဦးစီးဌာနမှူးရုံးမှ သိရှိရသည်။

ပြည်မြို့နယ်တွင် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန် စည်ခွန်တို့မှ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၂၂ ရက်အထိ ကျပ်(၃၀၄၈)သန်း ကောက်ခံရရှိပြီး ယခင်နှစ်က အလားတူကာလတွင် ကျပ်(၂၇၉၆)သန်းသာ ကောက်ခံရရှိခဲ့သည်။

“မနှစ်ကထက် အခွန်က ပိုမိုကောက်ခံရရှိတယ်။ အဓိကကတော့ စည်းကြပ်မှုပိုပြီးတော့ လုပ်နိုင်တယ်၊ အကြွေး တွေပိုရတယ်။ မတ်လမကုန်ခင် ရာနှုန်းပြည့်နီးပါးကောက်ခံနိုင်တယ်ပေါ့။ ဖိဖိစီးစီးလုပ်နိုင်တယ်။ ကြိုတင်ခွန် သွင်းတာတွေလည်းပါတယ်။ အဲဒီအတွက် တိုးရလာတယ်။”ဟု ပြည်မြို့နယ်အခွန်များဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုလျာထားငွေမှာ ကျပ်(၃၃၂၇)သန်းဖြစ်ပြီး မတ်လကုန်တွင် ပြည့်မီ နိုင်ကြောင်းနှင့် အခွန်ကြွေးကျန်(၁၂၆၁)သန်းရှိသည့်အနက် ကျန်ခဲ့သည့်ဖေဖော်ဝါရီလကုန်ထိ(၃၂၅)သန်း ကောက်ခံရရှိခဲ့ကြောင်း ပြည်မြို့နယ်အခွန်များဦးစီးဌာနမှ သိရသည်။

“အခွန်ဆိုတာက ပြည်သူလူထုစိတ်ထဲမှာ မသွင်းရင်မရဘူး၊ သွင်းမှရမယ်ဆိုတဲ့စိတ်ထားတတ်လာရင် ပိုပြီးတော့ အဆင်ပြေလာမယ်။ အခုကတော့ တော်တော်များများစည်းရုံးပြီးကောက်နေရတယ်ပေါ့”ဟု ဦးမြင့်စိုးက ဆက်ပြောသည်။

ပြည်မြို့နယ်တွင် စက်မှုဇုန်လုပ်ငန်းများ၊ ပွဲရုံလုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ စတိုးဆိုင်လုပ်ငန်းများမှ အခွန်အများဆုံးကောက်ခံရရှိပြီး ပြည်မြို့နယ်တစ်ခုလုံးတွင် အခွန်ထမ်းပြည် သူ(၃၃၀၂)ဦးရှိကြောင်း သိရသည်။

Check Also

ပရော်ဖက်ဆာ စတီဗင်ဟော့ကင်ရဲ့ အရိုးပြာကို နယူတန်ရဲ့ အုတ်ဂူအနီးမှာ မြှပ်နှံမယ်

  ထင်ရှားတဲ့ ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ကင် ကွယ်လွန်ခဲ့ပြီး တစ်ပတ်ခန့်အကြာမှာပဲ ဈပနအခမ်းအနားကို ပြုလုပ်မယ့်အစီအစဉ်တွေကို ကျန်ရစ်သူ မိသားစုက ကြေငြာခဲ့ပါတယ်။ စတီဗင်ဟော်ကင်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် မတ်လ …