Thursday , October 18 2018
Home / သတင်း / ဒေသတွင်းသတင်း / ပဲခူးတိုင်းအတွင်းရှိ ယဉ်ကျေးမှု ပုံစံများနှင့် ရာဇဝင်ပုံစံ အချို့ကို LED မီးလုံးများဖြင့် ပုံဖော်ပြသခြင်းကို တောင်ငူမြို့၌ ပြုလုပ်မည်

ပဲခူးတိုင်းအတွင်းရှိ ယဉ်ကျေးမှု ပုံစံများနှင့် ရာဇဝင်ပုံစံ အချို့ကို LED မီးလုံးများဖြင့် ပုံဖော်ပြသခြင်းကို တောင်ငူမြို့၌ ပြုလုပ်မည်

 

ကျော်မျိုးထွဋ် (မြစ်မခ)

ကညွတ်ကွင်း၊ ဇန်နဝါရီ ၁၉ ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရရှိနေသည့် ယဉ်ကျေးမှုပုံစံများနှင့် ရာဇဝင်အချို့ကို LED မီးလုံးများဖြင့် ပုံဖော်ပြသခြင်းကို တောင်ငူမြို့၊ မိုင်ဒါကွင်းတွင် ဇန်နဝါရီ (၂၇)ရက်မှ ဖေဖော်ဝါရီ(၂၀)ရက်ထိ ပြသသွားမည်ဖြစ် ကြောင်း ပြပွဲပြုလုပ်သည့် moon brother LED မီးအလှဆင်ကုမ္ပဏီမှ သိရှိရသည်။

အဆိုပါ ပြပွဲတွင် ပုံစံအမျိုးအစားပေါင်း ၃၀၀ ကျော်ပါဝင်မည်ဖြစ်ကာ နေ့စဉ်ညနေ (၅း၀၀)နာရီမှ ည(၁၁း၀၀)နာရီ အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ တောင်ငူမြို့ ကေတုမတီမုဒ်ဦးပုံတော့ ပြုလုပ်ပြီးသွားပြီး ပဲခူးတိုင်းအတွင်းမှာ ထင်းရှားတဲ့ ယဉ် ကျေးမှုပုံစံရာဇဝင်သရုပ်ဖော်တွေဖြစ်တဲ့ ဘုရင့်နောင် လက်မတူနဲ့ ထုတဲ့ပုံသဏ္ဍန် အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဖော်သွားမှာပါ။ သက်ကြီးရွယ်အိုတွေ ဘုန်းတော်ကြီးတွေ မိဘမဲ့ကလေးကျောင်းတွေ လူမှုရေးအသင်း အဖွဲ့တွေဆို အခမဲ့ဝင်ခွင့်ပြုမှာပါ။ ပြသတဲ့ ရက်ပြီးသွားပေမယ့်လည်း ဒီဇိုင်းတွေ ထပ်ဖြည့်နေမှာမို့ လာပြီး ကြည့်ရှုလို့ ရပါတယ်။” ဟု moon brother LED မီးအလှဆင် ကုမ္ပဏီမှ တာဝန်ခံ ဦးရဲမြင့်က ပြောသည်။

LED မီးလုံးများဖြင့် အလှပြသရုပ်ဖော်ပြသပွဲကို ဝင်ကြေးလူကြီး (၂၀၀၀)ကျပ်နှင့် ကလေး (၁၀၀၀)ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးအလှဆင်ပြပွဲကို မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ကျင်းပလျက်ရှိရာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ စသည့်မြို့များတွင်လည်း ပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

Check Also

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

  သီဟလွင် (မြစ်မခ) ပြည်၊ မတ် ၂၃ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် …