Friday , October 19 2018
Home / သတင်း / ဒေသတွင်းသတင်း / အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး လက်ကမ်းစာစောင်ဝေငှ၍ အသိပေး

အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး လက်ကမ်းစာစောင်ဝေငှ၍ အသိပေး

 

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက်။

အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ)အဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်၊ နံနက်(၉) နာရီခွဲဝန်းကျင်တွင် အင်းစိန်အကျဉ်းထောင်ရှေ့သို့သွားရောက်ကာ အကျဉ်းထောင်အတွင်းမှ ပြန်လည်လွတ် မြောက်လာသည့် အကျဉ်းသားများကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရသည်။

အင်းစိန်အကျဉ်းထောင်ရှေ့တွင် လက်ကမ်းစာစောင်များဝေငှခြင်းကို တစ်ပါတ်လျှင်(၂)ရက်ခန့်ဖြင့် အပါတ်စဉ် သွားရောက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် လွတ်မြောက်အကျဉ်းသားဟောင်းများအနေဖြင့် အသက်မွေးဝမ်းကျောင်းသင် တန်းများ သင်ယူလိုပါက တက်ရောက်နိုင်ရန်စီစဉ်ပေးမည့် သတင်းအချက်အလက်များ၊ ကျန်းမာရေးချို့တဲ့ သော အကျဉ်းသားများအနေဖြင့် ၎င်းတို့ဖြစ်ပေါ်ခံစားနေရသော ရောဂါအမျိုးအစားပေါ်မူတည်၍ ဆေးရုံ၊ ဆေး ခန်းများ၊ ပရဟိတအဖွဲ့များနှင့်ချိတ်ဆက်ကာ အထွေထွေအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေး(မြန် မာ)ကဆောင်ရွက်ပေးသွားမည့် သတင်းအချက်အလက်များပါဝင်ကြောင်းသိရသည်။

“ကျွန်တော်တို့ လက်ကမ်းစာစောင်တွေ သူတို့ဆီဝေပေးမယ်။ လွတ်လာတဲ့ အကျဉ်းသားတွေနဲ့တွေ့မယ်။ လွတ် မြောက်လာတဲ့ အကျဉ်းသားတွေ ရေရှည်မှာ ဘယ်လိုအလုပ်အကိုင်တွေလုပ်ချင်လဲပေါ့။ အလုပ်အကိုင်အခွင့် အလမ်းတွေအတွက် သင်တန်းတွေပေးနေတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးသွားမယ်။”ဟု အထွေထွေအကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက်ရေး (မြန်မာ)အဖွဲ့မှ အင်းစိန် အောင်စိုးက ပြောသည်။

အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ) သည် အကျဉ်းထောင်အသီးသီးမှ ပြစ်မှု၊ ပြစ်ဒဏ်ကျခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူများ၊ ဒုစရိုက်လောကနှင့် ဝေးကွာရှောင်ရှားရန် ဆန္ဒရှိသည့် အ ကျဉ်းသား၊ အကျဉ်းသူများ ရာဇဝတ်မှု၊ ဒုစရိုက်မှုများ ထပ်မံမကျုးလွန်မိစေရန်နှင့် အနာဂတ်တွင် ဂုဏ်သိက္ခာ နှင့်အညီ နေထိုင်နိုင်ရန်နှင့် လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုသူများဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Check Also

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

  သီဟလွင် (မြစ်မခ) ပြည်၊ မတ် ၂၃ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် …