Saturday , October 20 2018
Home / FNews / မန္တလေးဈေးချို တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများ ငှားရမ်းလိုပါက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမည်

မန္တလေးဈေးချို တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများ ငှားရမ်းလိုပါက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမည်

မင်းခန့် (မြစ်မခ)

မန္တလေး၊ ဒီဇင်ဘာ ၈ ရက်။

မန္တလေးဈေးချိုတော်၏ တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများကို ငှားရမ်းဖွင့်လှစ် မည်ဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ယင်း ကော်မတီမှ သိရှိရသည်။

အဆိုပါ နေရာတွင် ဆိုင်ခန်းများကို လုပ်ငန်းရှင်များမှ ဝယ်ယူထားသော်လည်း ဈေးရောင်းနေသည့် အခန်းများ နည်းနေပြီး အခန်းလွတ်များစွာရှိနေကြောင်း သိရသည်။

“ဒီကိစ္စကို ဆောင်ရွယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ မန္တလေးဈေးချိုတော်ကြီးကို ဈေးဝယ်သူ၊ ရောင်းသူ များနဲ့ အထူးစည်ကားစေချင်လို့ လုပ်တဲ့သဘောပါ။ အပေါ်ထပ်မှာ ကလေးကစားကွင်း မူကြိုစတဲ့ ဟာတွေကို လည်းနှစ်ရှည် ငှားရမ်းမှုများအနေနဲ့ ဆောင်ရွက်ပေးသွားမှာပါ။ မန္တလေးဈေး ချိုတော်ကြီးက အခုလည်း နေ့စဉ် စည်ကားပါတယ်။ ဒီထက်ပိုပြီးစည်ကား စေချင်တဲ့ သဘောဖြစ်ပါတယ်။”ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

အဆိုပါ ဈေးတွင် သွားလာရေး အဆင်ပြေလွယ်ကူစေရန် ဓာတ်လှေကား အသစ်တစ်စင်း တပ်ဆင်ရန်ဘတ် ဂျက်တင်ပြတောင်းဆိုထားကြောင်း သိရသည်။

“ဈေးချိုကို လာပြီးဈေးဝယ်တဲ့ သူအများစုက ဈေးချိုအပေါ်ထပ်ကို တက်ပြီးဝယ်တာ သိပ်မရှိကြဘူး။ အောက် ထပ်က ဆိုင်ခန်းတွေမှာသာ ဝယ်ကြတယ်။ နယ်ကလာတဲ့ ဖောက်သည်အများစုကသာ ဈေးချိုအပေါ်ထပ် အထိတက်ပြီး ဝယ်ကြတာပါ။”ဟု ဈေးချိုရှိ စိန်တံခွန်အထည်ဆိုင်ပိုင်ရှင် ဦးမျိုးက ပြောသည်။

မန္တလေးဈေးချိုတော်ကြီးတွင် ဆိုင်ခန်းပေါင်း (၂၀၀၀)ခန့်ရှိရာ တတိယထပ်နှင့် စတုတ္ထထပ်တို့တွင် ဆိုင်ခန်း ပေါင်း (၇၀၀)ခန့်ရှိပြီး ငှားရမ်းမည့်သူများရှိပါက ဆိုင်ခန်းဝယ်ထားသည့် သူများကိုလည်း နစ်နာမှု မရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …