Monday , November 27 2017
Home / သတင်း / ဒေသတွင်းသတင်း / ပဲခူးမြို့အတွင်း မှုခင်းကျဆင်းရေး ပိတ်ဆို့ရှာဖွေခြင်းလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်နေ

ပဲခူးမြို့အတွင်း မှုခင်းကျဆင်းရေး ပိတ်ဆို့ရှာဖွေခြင်းလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်နေ

 

မျိုးမြတ် (မြစ်မခ)

ပဲခူး၊ နိုဝင်ဘာ ၂၂ ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုလျော့ကျစေရေး ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေခြင်းလုပ်ငန်းများကို နိုဝင်ဘာလတတိယအပါတ်မှ စတင်၍ ရဲအင်အားနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ အသေးစိတ် ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ပဲခူးခရိုင်(၈)မြို့နယ်တွင် ပြီးခဲ့သည့် (၄)လ (မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ)အတွင်း လူသတ်မှု(၁၁)မှု၊ လုယက် မှု(၃)မှု၊ မုဒိမ်းမှု(၂၂)မှု၊ ခိုးမှု(၃၆)မှု၊ လောင်းကစားမှု(၅၉)မှုဖြစ်ပွားခဲ့ပြီး၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့ တွင် လူသတ်မှု(၆)မှု၊ မုဒိမ်းမှု(၅)မှု၊ ခိုးမှု(၂၉)မှု၊ လောင်းကစားမှု(၂၄)မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပဲခူးမြို့က လူဦးရေထူထပ်တော့ မှုခင်းဖြစ်ပွားမှုအများဆုံးပါ။ ခရိုင်၊ မြို့နယ်အလိုက် မှုခင်းကျဆင်းရေးစီမံချက် တွေရေးဆွဲပြီး ဆောင်ရွက်နေပါတယ်။ အဓိကတော့ ပြစ်မှုဖြစ်ပွားနှုန်းအများဆုံးနေရာတွေကို နေ့ညပိတ်ဆို့ရှာ ဖွေမှုတွေ စတင်ဆောင်ရွက်နေသလို ကင်းပုန်းဝပ် စောင့်ဆိုင်းကြည့်ရှုနေတာတွေလည်း ဆောင်ရွက်နေပါ တယ်။ မှုခင်းဖြစ်ပွားမှုနှုန်းများတဲ့နေရာတွေမှာ ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်တွေဝေငှတာတွေကို လုပ် ဆောင်ပေးနေပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး (၂၈)မြို့နယ်တွင် လူဦးရေ(၄၉)သိန်းကျော်ရှိပြီး တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတာ ဝန်ယူထားသော ရဲတပ်ဖွဲ့အင်အား(၄၅၀၀)ကျော်ရှိသဖြင့် ပြည်သူတစ်ထောင်ကျော်လျှင် ရဲတပ်ဖွဲ့ဝင်အင်အားတစ်ယောက်နှုန်းဖြင့် လုံခြုံရေးစောင့်ရှောက်နေရကြောင်း သိရသည်။

“ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေကိုတော့ အမြဲဆက်တိုက်ဆောင်ရွက်သင့်တယ်။ ပဲခူးမြို့မှာ ရာဇဝတ်ဖြစ်ပွားနှုန်း များနေရခြင်းက ဂိုဏ်းဂဏတွေရှိနေပါတယ်။ ဒီအဖွဲ့တွေက ရဲတပ်ဖွဲ့တွေ၊ တရားရုံးတွေထိ ပေါက်ရောက်ထိန်း ချုပ်နိုင်တဲ့အဆင့်မှာရှိနေကြတယ်လို့ ကြားနေရတယ်။ အဲဒါတွေကို မဖြိုခွဲနိုင်သမျှ ရာဇဝတ်မှုတွေက ကျဆင်း မှာမဟုတ်ပါဘူး”ဟု ပဲခူးမြို့မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။

ပဲခူးတိုင်းဒေသကြီး(၂၈)မြို့နယ်တွင် တိုင်းရဲတပ်ဖွဲ့မှူးရုံး(၁)ခု၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(၄)ခု၊ မြို့မရဲစခန်း(၂၈)ခု၊ နယ်မြေ ရဲစခန်း (၆၅)ခု၊ ရဲကင်းရဲစခန်း(၁၆)ခုက တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူဆောင်ရွက်လျက် ရှိပြီး မှုခင်းဖြစ်ပွားနှုန်းများပြားသော နေရာများတွင် ရဲအင်အားအများအပြားနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ မှုခင်းကျဆင်းရေးဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

Check Also

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

  မြစ်မခ နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာ၏ တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ …