Monday , November 27 2017
Home / FNews / မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

 

မြစ်မခ

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာ၏ တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများပြုလုပ်ထားသည့် လိုဏ်ဂူ တစ်ခုအား နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများပြုလုပ်ထားသည့် အလျား ၃ ပေခွဲ၊ အနံ ၂ ပေရှိ သစ်သားပေါင်များဖြင့် ပြုလုပ်ထားသော မြေအောက်ကျင်း တံခါးအားတွေ့ရှိရာမှ ဝင်ရောက်ရှင်းလင်းရာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေခွဲရှိ မြေကျင်းအား အမိုးပေါ်တွင် ၆ လက်မပတ်လည် သစ်သားမျောတုံးများ ဖြင့် ကာရံထားသည့် မြေအောက် လူလုပ် လိုဏ်ဂူတစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများအနီး၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူသုံးကိုလည်း နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး စုစုပေါင်း လိုဏ်ဂူ ၄ ခု တွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလိုဏ်ဂူတွေ့ရှိခဲ့သည့် ကျေးရွာအနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံအသေးစိတ် စစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …