Monday , November 27 2017
Home / FNews / ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တင်ခါခေါ်ယူရန် စီစဉ်နေ

ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တင်ခါခေါ်ယူရန် စီစဉ်နေ

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ နိုဝင်ဘာ(၁၄)ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ဒါ ခေါ်ယူရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

“ပြည်သူများဓာတ်အာားခ ဈေးနှုန်းသက်သာစွာ ဓာတ်အားသုံးစွဲနိုင်ရေး ပုဂ္ဂလိက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံလုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ် ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီအစိုးရအဖွဲ့မှ ကော့သောင်းမြို့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူရေးလုပ်ကိုင်ခွင့်အား တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့် အညီတင်ဒါခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် နိုဝင်ဘာ(၁၄)ရက်က ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်တွင် တနသာင်္ရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ခင် မေးမြန်းရာတွင် ဒုတိယဝန်ကြီးက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်တွင် သန်းဖြိုးသူကုမ္ပဏီမှ လက်ရှိတွင် ဒီဇယ်ဆီဓာတ်အားပေးစက်များဖြင့် မီးသုံးစွဲသူ (၁၀၀၅၁)ဦးအား (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

“တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ ဒေသခံပြည်သူတွေ အခုအသုံးပြုနေရ တဲ့ လျှပ်စစ်မီတာခက များနေလို့ တစ်ဖက်အိမ်နီးချင်းထိုင်းနိုင်ငံမှ လျှပ်စစ်စွမ်းအင်ဝယ်ယူအသုံး ပြုခွင့်ပေးနိုင် ရန်အတွက် မေးမြန်းအပ်ပါတယ်။”ဟု တနသာင်္ရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်က လွှတ်တော်အတွင်း မေးသည်။

ကော့သောင်းမြို့သို့ လျှပ်စစ်မီးပေးရန် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးမည်ဆိုပါက ပင် လယ်ဖြတ်ကျော် ဓာတ်အားလိုင်းတာဝါများ တည်ဆောက်ရမည်ဖြစ်ကာ ငွေကြေးအရင်းအနှီးနှင့် ခေတ်မီနည်း ပညာများသုံးစွဲရန် လိုအပ်မည်ဖြစ်ခြင်းကြောင့် လတ်တလောတွင် ဝယ်ယူရန်အစီအစဉ်မရှိသေးကြောင်း သိရသည်။

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …