Wednesday , November 29 2017
Home / သတင်း / ဒေသတွင်းသတင်း / ရခိုင်ပြည်နယ်တွင် ကျန်ရှိ မွတ်စလင်ရွာများကို ကောင်းမွန်စွာ စောင်ရှောက်ပေးနေဟု ကာကွယ်ရေးဝန်ကြီး ပြောဆို

ရခိုင်ပြည်နယ်တွင် ကျန်ရှိ မွတ်စလင်ရွာများကို ကောင်းမွန်စွာ စောင်ရှောက်ပေးနေဟု ကာကွယ်ရေးဝန်ကြီး ပြောဆို

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက်။

ရခိုင်ပြည်နယ်အတွင်း ကျေးရွာများတွင် ကျန်ရှိနေသည့် မွတ်ဆလင်များကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(၂)တွင် စက်တင်ဘာ ၁၉ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောဆိုသည့် အခမ်းအနား မစတင်မီ မီဒီယာများက  မေးမြန်းရာတွင် ယင်းကဲ့သို့ ဖြေဆိုခြင်းဖြစ်သည်။

“တရားဥပဒေနဲ့ ညီတဲ့သူတွေကို စောင့်ရှောက်ဖို့ တရားဥပဒေနဲ့မညီတဲ့ အပြစ်ရှိတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ပါတယ်။ တရားဥပဒေနဲ့ ညီတဲ့သူတွေကို ဘာမှာလုပ်စရာမရှိပါဘူး။ အဲဒီမှာ မွတ်ဆလင် ရွာတွေလည်း အများကြီးကျန်ပါတယ်။ သူတို့ကိုလည်း ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးနေပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများတွင် မြန်မာအစိုးရက ဘင်္ဂါလီများကို အင်အားသုံးဖြိုခွင်း နေသည်ဟု နိုင်ငံတကာက ဝေဖန်မှုများရှိနေခြင်းကို ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခြင်းဖြစ်သည်။

မောင်​​တောခရိုင်​ရှိ ​မောင်​​တော၊ ဘူးသီး​တောင်​၊ ရ​သေ့​တောင်​မြို့နယ်​များရှိ ဘင်္ဂါလီ​ကျေးရွာ(၄၇၁)ရွာတွင်​ (၁၇၆) ရွာမှ ဘင်္ဂါလီများသည် ဘင်္ဂလား​ဒေ့ရု​နိုင်​ငံဘက်​သို့ ရွာလုံးကျွတ်​ထွက်​​ပြေးသွားကြကြောင်း သိရသည်။

“ကျွန်တော်တို့မီဒီယာက ထိုးဖောက်နိုင်တာ အားနည်းပါတယ်။ အဲတော့ ဒီမွတ်ဆလင်အသိုင်းအဝိုင်းပေါ့။ သူတို့ ဖက်မှာက မီဒီယာအားကောင်းပါတယ်။ အားကောင်းတဲ့အခါကျတော့ သူတို့ကပြောတာက ပိုပြီးတော့ ပေါက်ပါ တယ်။ ဇာတ်လမ်းဆင်ပြီးတော့ သူတို့ကစလုပ်တယ်၊ ပြီးတဲ့အခါရောက်တော့ သူတို့က ထွက်ပြေးတယ်။ ထွက် ပြေးပြီး သူတို့ကပြောတဲ့အခါကျတော့ သူတို့စကားပေါက်တဲ့အခါကျတော့ ကမ္ဘာက သူတို့အပေါ်မှာ သနား တယ်။ သူတို့သတ်ဖြတ်သွားတဲ့ မြိုတွေ၊ ရခိုင်တွေ တကယ်အသတ်ခံခဲ့ရသူတွေကျတော့ မသိဘူးပေါ့။ အဲဒါကို သူတို့က ပြောင်းပြန်ပြောတဲ့အခါကျတော့ ကမ္ဘာက ပြောင်းပြန်ပြန်မြင်တယ်။ အဲဒါပါပဲ။”ဟု ကာကွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောခရိုင်တွင် မြန်မာအစိုးရက စစ်ဆင်ရေးကို အင်အားမသုံးဘဲ လိုသ လောက်အင်အားသာ အသုံးပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား များ၊ ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရပြီး နေအိမ်များမီးလောင်ကာ နေရပ်စွန့်ခွာထွက်ပြေးနေသည့် ဒေသခံ တိုင်းရင်းသား (၂၇၀၀၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …