Friday , September 22 2017
Home / FNews / မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ)

မန္တလေး၊ စက်တင်ဘာ ၆ ရက်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

“ဒါတွေက လက်ရှိချထားပေးတဲ့ အစီးအရေအတွက်ပါ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုရင် အများဆုံးချ ထားပေးခဲ့တာပါ။  ဒီလိုချထားပေးခဲ့ပေမယ့် လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုလည်း လိုင်စင်လုပ်ပေးဖို့ အစီအစဉ်မရှိ သေးပါဘူး။ မန္တလေးတိုင်းအနေနဲ့က ၂၀၁၄ ခုနှစ်မတိုင်ခင်ကတည်းက လိုင်စင်တွေကို (၉)ကြိမ်တိုင်တိုင်ချထား ပေးခဲ့တာပါ။  ဒီနောက်ပိုင်းတော့ မချပေးသေးပါဘူး။”ဟု မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးနေလင်းက ပြောသည်။

ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လိုင်စင်မဲ့ဆိုင် ကယ်များကို တရားဝင်လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးနေသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း လိုင် စင်မဲ့ဝယ်ယူတင်သွင်းထားသည့် ဆိုင်ကယ်များကို လိုင်စင်ချထားပေးရန် အစီအစဉ်မရှိသေးကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“လိုင်စင်မဲ့ဆိုင်ကယ်က လိုင်စင်အပြီးဆိုင်ကယ်ထက် ထက်ဝက်ကျော်ဈေးလျော့နေတော့ အချို့ ပိုက်ဆံအများ ကြီး မသုံးနိုင်တဲ့သူတွေက လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဝယ်ယူအသုံးပြုတာတွေရှိပါတယ်။ အဲဒါတွေကို လိုင်စင် လုပ်ပေးရင်တော့ ပိုအဆင်ပြေတာပေါ။ မလုပ်ပေးဘူးဆိုလည်း ဒီအတိုင်းပဲ နံပါတ်ပြားကပ်ပြီးစီးနေတာကို တွေ့နေရတယ်။”ဟု မန္တလေးမြို့နေ ကိုအောင်အောင်က ပြောသည်။

မန္တလေးမြို့မှာပင် ၂၀၁၇ ဇန်နဝါရီမှ သြဂုတ်လကုန်ထိ နှစ်ဘီးဆိုင်ကယ်(၁၀၈၂၈၈၅)စီးနှင့် သုံးဘီးဆိုင်ကယ် (၂၅၄၃၄)စီးကို မှတ်ပုံတင်ပြုလုပ်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Check Also

မန္တလေးနှင့် ကျောက်မြောင်းအကြား လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်း အတည်မပြုနိုင်သေး

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးမြို့နှင့် ကျောက်မြောင်းမြို့အကြားရှိ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း စက်တင်ဘာလပထမအ ပါတ်က လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်းကို အတည်မပြုနိုင်သေးကြောင်း လင်းပိုင်ထိန်းသိမ်း ရေးအဖွဲ့မှ …