Thursday , November 30 2017
Home / သတင်း / ဒေသတွင်းသတင်း / မန္တလေးနှင့် ကျောက်မြောင်းအကြား လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်း အတည်မပြုနိုင်သေး

မန္တလေးနှင့် ကျောက်မြောင်းအကြား လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်း အတည်မပြုနိုင်သေး

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ စက်တင်ဘာ ၆ ရက်။

မန္တလေးမြို့နှင့် ကျောက်မြောင်းမြို့အကြားရှိ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း စက်တင်ဘာလပထမအ ပါတ်က လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်းကို အတည်မပြုနိုင်သေးကြောင်း လင်းပိုင်ထိန်းသိမ်း ရေးအဖွဲ့မှ သိရှိရသည်။

လင်းပိုင်သားပေါက်တွေ့ရှိကြောင်း တွေ့ရှိသူများက လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့ သော်လည်း စက်တင်ဘာလဒုတိယပါတ်အတွင်းထွက်ခွာမည့် လင်းပိုင်သုတေသနနှင့် ကင်းလှည့်ခရီးစဉ်ပြီးမှ သာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြစ်ထဲသွားပြီးမှ အတည်ပြုရမယ်။ အရင်(၃)လလောက်ကသွားခဲ့တဲ့ခရီးစဉ် စာရင်းကောက်တုန်းက တွေ့ခဲ့တဲ့ သားပေါက်လေးဖြစ်မလားဆိုတာ မကြာခင်သွားမယ့်ခရီးစဉ်သွားမှာမြင်မှပဲ အတည်ပြုနိုင်မယ်။”ဟု လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ဝင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဟန်ဝင်းကပြောသည်။

မတ္တရာမြို့နယ်၊ မြစ်ကမ်းကြီးကျေးရွာအနီး လင်းပိုင်(၈)ကောင်ခန့်အုပ်စုတွင် လင်းပိုင်သားပေါက်တစ်ကောင် တွေ့ရှိကြောင်း လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံသို့ ရွာသားများက ဖုန်းဆက်၍ အကြောင်းကြားလာကြောင်း သိရသည်။

လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးခရီးစဉ်တွင် ပုံမှန်အားဖြင့် တစ်လ(၂)ကြိမ် မြစ်ကြောင်းခရီးထွက်ခွာ၍ လင်း ပိုင်စာရင်းကောက်ယူခြင်း၊ ရှော့ခ်တိုက်ငါးဖမ်းခြင်းရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ရေကြောင်းရဲတပ်ဖွဲ့များနှင့် လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့တို့က ပြုလုပ်လေ့ရှိကြောင်း သိရသည်။

သက်ဆိုင်ရာမြို့နယ်များတွင် ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်ချိန်၌ အချက်အလက်များ မှတ်တမ်းတင်နိုင် ရေးအတွက် SMART Data Software အသုံးပြုနည်းနှင့် သင်တန်းများ ပေးထားပြီးဖြစ်ကြောင်း သိရသည်။

မန္တလေးနှင့် ဗန်းမော်ကြား နှစ်စဉ်လေ့လာတွေ့ရှိရသည့် ဧရာဝတီလင်းပိုင်စာရင်းမှာ ၂၀၁၂ ခုနှစ်တွင် (၆၇) ကောင်၊ ၂၀၁၃ ခုနှစ်တွင် (၅၁)ကောင်၊ ၂၀၁၄ ခုနှစ်တွင် (၆၃)ကောင်၊ ၂၀၁၅ တွင် (၅၈)ကောင်၊ ၂၀၁၆ တွင် (၆၅)ကောင်ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် စစ်တမ်းကောက်ယူရာတွင် (၆၉)ကောင်တွေ့ရှိခဲ့ပြီးဖြစ်ကာ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာများကိုလည်း လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ပညာပေးခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

 

Check Also

ကျိုင်းတုံမြို့၌ လူငယ်ဖိုရမ်ကို ဒီဇင်ဘာ(၃)ရက်တွင် ကျင်းပမည်

  နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ နိုဝင်ဘာ ၃၀ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စည်ပင်သာယာခန်းမတွင် လူငယ်ဖိုရမ်ကို ဒီဇင်ဘာ(၃)ရက်၌ ကျိုင်းတုံ လူငယ်စင်တာမှ …