Friday , September 22 2017
Home / FNews / MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက် (၂၀)မဂ္ဂဝပ်(၂)လုံးဖြင့် လည်ပတ်ခြင်း ကို ခွင့်ပြုမပေးထားဟုဆို

MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက် (၂၀)မဂ္ဂဝပ်(၂)လုံးဖြင့် လည်ပတ်ခြင်း ကို ခွင့်ပြုမပေးထားဟုဆို

 

ချိုမာအောင် (မြစ်မခ)

မော်လမြိုင်၊ စက်တင်ဘာ ၅ ရက်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက် (၂၀) မဂ္ဂဝပ်(၂)လုံးဖြင့် စက်လည်ပတ်ခြင်းသည် ခွင့်ပြုမိန့်ရယူထားခြင်း မရှိသောကြောင့် ဥပဒေနှင့်မညီကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပြောဆိုလိုက်သည်။

MCL ဘိလပ်မြေစက်ရုံအနေဖြင့် ကျောက်မီးသွေးဓာတ်အားပေးစက်ဖြင့် လျှပ်စစ်ထုတ်လုပ်ပြီး စက်လည်ပတ် ခြင်းသည် ခွင့်ပြုချက်တစ်စုံတစ်ရာ ရယူထားခြင်းမရှိသဖြင့် ဥပဒေနှင့်မညီသည့်အပေါ် အရေးယူပေးရန် တိုက်တွန်းကြောင်းအဆိုကို စက်တင်ဘာ ၅ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က တင်သွင်းလိုက်သည်။

“ခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်နေတာက ပြဌာန်းဥပဒေ၊ နည်းဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက် နေတယ်။ တည်ဆဲဥပဒေလိုက်နာခြင်းမရှိတဲ့ MCL ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေးက လျှပ်စစ်ဓာတ်အား ထုတ်နေခြင်းကို အမြန်ဆုံးအရေးယူပေးဖို့အတွက် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရခြင်းဖြစ်တယ်။”ဟု သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကပြောသည်။

MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အား အသုံးပြုမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူ များက ကန့်ကွက်ဆန္ဒပြမှုများ အမြဲပြုလုပ်နေသည့်အပြင် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်လေ့ လာစောင့်ကြည့်ရေးကော်မတီကလည်း အစီရင်ခံစာ(၂)စောင်တင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာတွင် ကျောက်မီး သွေးအစား အခြားနည်းဖြင့်လျှပ်စစ်ရယူလည်ပတ်ရန် ဖော်ပြပါရှိခဲ့သော်လည်း MCL အနေဖြင့် စက်စမ်းသပ်  လည်ပတ်သည့် ၂၀၁၇ ဧပြီလမှ စတင်ကာ စက်တင်ဘာလအထိ ကျောက်မီးသွေးအသုံးပြုနေကြောင်း သိရသည်။

“ကျွန်မတို့ လွှတ်တော်က ပြည်ထောင်စုကို စာပို့ပြီး လှမ်းမေးတဲ့အခါ လျှပ်စစ်(၄၀)မဂ္ဂါဝပ်ထုတ်မယ်ဆိုရင် လျှပ် စစ်ဥပဒေအရ သူတို့ပြည်ထောင်စုမှာ ခွင့်ပြုချက်ယူရမယ်။ အခု (၂၀)မဂ္ဂါဝပ်(၂)လုံးတွဲတဲ့အပေါ် သူတို့အနေနဲ့ ပြည်နယ်က ခွင့်ပြုမိန့်ယူရမယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ပြည်ထောင်စုရော၊ ပြည်နယ်မှာရော ခွင့်ပြုချက်ယူထား တာမရှိဘူး။ ကျွန်မတို့က ဒါကို အလွတ်သဘောအနေနဲ့ပြောတာမဟုတ်ဘူး။ ပြည်ထောင်စုကပြန်စာအရ ပြော တာပါ။”ဟု သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထိုသို့ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူသုံးစွဲနေခြင်းအပေါ် မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီက ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ အ ထောက် အထားစာရွက်စာတမ်းများတောင်းခံခဲ့ရာ MCL စက်ရုံသည် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ထုတ်လုပ်နေခြင်းသည် ကြိုတင်ခွင့်ပြုမိန့်တစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိဟု အကြောင်းပြန်ကြားခဲ့ကြောင်း ဦးအောင်ကျော်သူ၏ အဆိုတွင် ထည့်သွင်းပြောကြားသည်။

MCL ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Mr. Surachai Pornjindachote က သြဂုတ် ၃၀ ရက်တွင် သတင်းမီဒီ ယာများထံသို့ ထုတ်ပြန်ချက်တစ်စောင်ပေးပို့ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် MCL စက်ရုံစွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ ၂၀၁၈ ဇန်နဝါရီ  ၁၅ ရက်အထိအကျုံးဝင်သည့် (၂၀)မဂ္ဂါဝပ် မီးစက် တစ်လုံးလည်ပတ်အသုံးပြုနိုင်သည့် တစ်နှစ်သက်တမ်းရှိသော ယာယီလိုင်စင်ကို မွန်ပြည်နယ်စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေးဌာနထံမှ ရရှိခဲ့သောကြောင့် ၎င်းတို့အနေဖြင့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ (၂၀)မဂ္ဂါဝပ် မီးစက်တစ်လုံးကိုသာ လည်ပတ်အသုံးပြုနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …