Sunday , September 24 2017
Home / FNews / ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အာရကန်ကိုကို(မြစ်မခ)

ကျောက်ဖြူ၊ မေ(၂၉)ရက်။

မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ ဘုရားကြီးတောင်ကျောင်းတိုက်တွင် မေလ(၂၈)ရက် နံနက်(၈)နာရီမှ (၁၁) နာရီထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရဟန်းသံဃာတော်(၇)ပါးနှင့် လူ(၁၀၀)ဦးခန့်တက် ရောက်ခဲ့ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီမှ သိရသည်။

”အဓိကကျင်းပရတာက မသီတာထွေးနဲ့ ရခိုင်ပြည်သူပြည်သားတွေ၊ နောက်မျိုးဆက်သားသမီးတွေ မမေ့ ကောင်းနေ့အဖြစ် နှစ်စဉ်ကျင်းဖို့ ရွည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ပါတယ်။ မသီတာထွေးအတွက် ရွေသာလျောင်း ဘုရားမှာ ဆီမီး၊ ပန်း၊ အမွေးနံ့သာများ ဆက်ကပ်လှူဒါန်းပြီး သူမအတွက် ဆုတောင်းကြပါတယ်။ နောက်ပြီး ရဟန်းသံဃာတော်တွေကို လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သူမအတွက် ရေစက်သွန်းချ အမျှဝေပြီး ဆုတောင်းမေတ္တာပို့သကြပါတယ်။”ဟု အခမ်းအနားပွဲ ဦးဆောင်ကျင်းပသူ ကိုအောင်စောသိန်းက ပြောသည်။

ကျောက်ဖြူမြို့တွင် မသီတာထွေး ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ယခုနှစ်ပြုလုပ်သည်မှာ ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်ကို စာတီတောင်ရပ်ကွက်၊ ပရဟိတကျောင်းတွင် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့ကြောင်း သိရသည်။

”ဒီနေ့က ရခိုင်လူမျိုးတွေအတွက် မမေ့အပ်တဲ့ နေ့တစ်နေ့ပါ။ ဒီနေ့လိုပဲ သမီးသီတာထွေးအတွက် ဝမ်းနည်း အောက်မေ့ဖွယ်အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွားမှာပါ။” ဟု ကျောက်ဖြူမြို့နယ် ရခိုင် အမျိုးသမီးများ အစည်းအရုံး(RWU)ခေါင်းဆောင် ဒေါ်စောပုချေကပြောသည်။

မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို မေ(၂၈)ရက်က ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ မောင်တောအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မသီတာထွေးသည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်၊ သပြေချောင်းကျေးရွာဇာတိဖြစ်ပြီး ၂၀၁၂ ခုနှစ် မေ(၂၈)ရက်က ကျောက်နီမော်ကျေးရွာမှ သပြေချောင်းကျေးရွာသို့ စက်ချူပ်သင်ရာမှ ပြန်လာစဉ် ကျောက်နီ မော်ကျေးရွာအုပ်စု၊ ကျောက်ထရံကျေးရွာမှ ဘင်္ဂါလီ(၃)ဦးက ပစ္စည်လုယက်ပြီး မုဒိန်းကျင့်ကာ သတ်ဖြတ် လိုက်ခြင်းဖြစ်ကြောင်း ကျောက်နီမော် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

မသီတာထွေး မုဒိန်းကျင့်သတ်ဖြတ်ခံရမှုဖြစ်စဉ်ကြောင့် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်နှင့် ရွှေ့ပြောင်း နေထိုင်သူ(ဒေသဧည့်နေ) ဘင်္ဂါလီများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …