Saturday , May 27 2017
Home / FNews / မအူပင်စက်မှုဇုန်အား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့် လည်ပတ်ရန် စီစဉ်နေ

မအူပင်စက်မှုဇုန်အား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့် လည်ပတ်ရန် စီစဉ်နေ

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ မေလ (၂၃) ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​မြို့ရှိ စက်​မူဇုံအား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့် လည်​ပတ်​ရန်​စီစဉ်​​နေပြီး မေလနောက်ဆုံးပတ်တွင် စီမံကိန်းကို စတင်အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်​။

လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ထိုင်းနိုင်ငံအခြေစိုက် WON TOLL CO.,Ltd မှ မြေ(၅)ဧကပေါ်တွင် အမေရိကန် ဒေါ်လာ သန်း (၉၀)ကျော် အကုန်ကျခံတည်ဆောက်သွားမည်ဖြစ်ပြီး စက်မှုဇုန်အား မနက်​(၆)နာရီမှ ည​နေ (၄)နာရီအတွင်း လျှပ်စစ်ဓါတ်အား(၁)ယူနစ်လျှင် (၂၀၀)ကျပ်ခန့်၊ ညပိုင်းလျှင် (၃၀၀)ကျပ်ခန့်ဖြင့် ဖြန့်ဖြူး ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“လျှပ်​စစ်​ထုတ်​ပြီး တည်​​ဆောက်​သုံးစွဲမယ့် အပိုင်း​တွေမှာလည်း အ​ရေးကြီးပါတယ်​။ စက်​မှုဝန်​ကြီးဌာန လက်​​အောက်​မှာရှိတဲ့ လျှပ်​စစ်​စစ်​​ဆေး​ရေးကြီးကြပ်​မှုအဖွဲ့ရဲ့သတ်​မှတ်​ထားတဲ့အတိုင်း လုပ်​​ဆောင်​ရမှာဖြစ်​ပါတယ်​။ ဆိုလာမီး​ပေးစနစ်​ဖြစ်​တဲ့အတွက်​ ညစ်​ညမ်းမှုက​တော့ သိပ်​မရှိပါဘူး။ တည်​​ဆောက်​ဖို့​ မြေရဖို့ပဲလိုပါတယ်။ အခုက​တော့ စက်​ရုံအတွက်​ပဲ ထုတ်​တာပါ။ ပိုလာရင်​​တော့ အခြား​နေရာ​တွေအတွက်​ စဉ်းစား​ပေးပါမယ်​။” ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်​မှုလက်​မှုနှင့်​ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဝင်း​ဌေးက ​ပြောသည်​။

မအူပင်စက်မှုဇုန်အား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးရန် WON TOLL CO.,Ltd မှ နှစ်​(၄၀) တာဝန်ယူထားပြီး နှစ်​(၂၀)အတွင်း ပစ္စည်းဖိုး​ ကျေပြီးပါက ယူနစ်ဈေးကို လျော့ချပေးနိုင်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

“ဆိုလာက အရင်​က လက်​လှမ်းမမီအောင် ​​ဈေးကြီးရာက အခု​ဈေးသက်​သာလာပါတယ်​။မအူပင်​ပြီးရင်​ အခြား စက်​မှုဇုန်တွေကိုလည်း လုပ်​ဖို့်​အစီအစဉ်​ရှိပါတယ်​။ လှိုင်​သာယာစက်​မှုဇုန်​တွေလဲ မီးအရမ်းလိုအပ်​ပါတယ်​။ အဲဒီ အတွက်​လည်း ကျွန်​​တော်​တို့ စီစဉ်​ထားပါတယ်​။ ဂျပန်​နဲ့​ တောင်​ကိုရီးယားက ပစ္စည်း​တွေမှာယူပြီး ထိုင်းနိုင်​ငံက လုပ်​သား ပညာရှင်​​တွေနဲ့ တည်​​ဆောက်​သွားမှာပါ။”ဟု WON TOLL CO.,Ltd ဥက္ကဋ္ဌ ဦးကျော်​ဇော်​ထွန်းက  ပြောသည်

မအူပင်စက်မှုဇုန်စီမံကိန်းသည် အစပိုင်းတွင် လုပ်​သားအင်​အား (၇၇၀၀၀)လို​နေပြီး၊ (၃)နှစ်စီမံကိန်းပြည့်ပါက လုပ်​သားအင်​အား (၂)သိန်းကို အလုပ်​​ပေးနိုင်​မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မအူပင်စက်မှုဇုန်အပြင် ပုသိမ်စက်မှုဇုန်နှင့် မြောင်းမြစက်မှုဇုန်များကို အကောင် ထည်ဖော်လျှက်ရှိပြီး ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းများတွင် လုပ်သား တစ်သောင်းကျော် စတင် လုပ်ကိုင်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …