Saturday , May 27 2017
Home / FNews / မန္တလေးကားဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်ပြီး အရောင်းအဝယ်နည်းပါး

မန္တလေးကားဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်ပြီး အရောင်းအဝယ်နည်းပါး

မင်းခန့် (မြစ်မခ)

မန္တလေး၊ ဧပြီ (၂၄) ရက်။

မန္တလေးကားဈေးကွက်တွင် ကားဈေးနှုန်းများ မြင့်တက်လျှက်ရှိနေသောကြောင့် ကားအရောင်းအဝယ်မရှိသ လောက်နည်းပါးနေကြောင်း မန္တလေးကားပွဲစားဝိုင်းမှ သိရှိရသည်။

သင်္ကြန်မတိုင်ခင်ကာလက  ရောင်းသူများရှိသလို ဝယ်ယူသူများလည်းရှိနေပြီး သင်္ကြန်ပြီးနောက်ပိုင်းတွင် ကား ဈေးနှုန်းမြင့်တက်မှုကြောင့် အရောင်းအဝယ်နည်းနေကြောင်း သိရသည်။

“လက်ရှိကားဈေးကွက်ကမြင့်နေတော့ တစ်ရက်ကို ကားအစီးရေ တစ်စီးလောက်တော့ အရောင်းအဝယ်ဖြစ် အောင် မနည်းလုပ်နေရတယ်။ ကားဈေးကွက် ဈေးနှုန်းတွေမြင့်လာတာကတော့ ပြည်ပက တင်သွင်းနေတာ တွေ အရမ်းများတဲ့အခါ ရန်ကုန်ဆိပ်ကမ်းတွေမှာက ကားတွေထားစရာမရှိအောင်ဖြစ်နေပြီ။ ဒီအတွက် လိုင်စင် ကပ်ဖို့ကလည်းခက်ခဲတော့  ရပ်တန့်ထားတဲ့သဘောဖြစ်နေတယ်။ ဒီအတွက်လည်း ကားဈေးကွက်တွေမြင့် တက်နေတာလို့သိရပါတယ်။“ဟု မန္တလေးမြို့တွင်ကားဝယ်ရောင်းလုပ်ကိုင်သည့် ဝါရင့်ကားအကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။

လက်ရှိမန္တလေးကားဈေးကွက်တွင် စလစ်ပေါက်ဈေးမှာ ကျပ်(၁၀၂)သိန်းမှ ကျပ်(၁၀၅)သိန်းအထိရှိနေပြီး ကားဈေးကွက်သည် တည်ငြိမ်မှုမရှိသေးဘဲ အတက်အကျဖြစ်ပေါ်နေကြောင်း သိရသည်။

မန္တလေးကားဈေးကွက်တွင် အရောင်းအဝယ်ပါးသော်လည်း  mark  ll ရွှေငါးပုံပြောင်းသည် ယခင်က ကျပ် သိန်း(၁၄၀)၀န်းကျင်မှ လက်ရှိတွင် သိန်း(၁၇၀)မှ (၁၉၀)ထိရှိပြီး KLUGER  မှာ ယခင်က ကျပ်သိန်း(၂၄၀)ဝန်း ကျင်မှ လက်ရှိတွင် ကျပ်သိန်း(၂၉၀)မှ ကျပ်သိန်း(၃၀၀)အထိရှိကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း Honda Fit GEC  2011 model  ရုပ်ပြောင်း  မန္တလေးလိုင်စင် ကျပ်(၁၇၀)သိန်းနှင့် AD Van 1300 cc  2011 model  မန္တလေးလိုင်စင်မှာ ကျပ်(၁၀၇)သိန်း၊ Super Custom Auto  4 w ဒီဇယ်  ကားများအနေဖြင့် ကျပ်သိန်း(၁၁၀)အထိရှိကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …