Friday , March 9 2018
Home / သတင်း / ဈေးဝယ်လမ်းညွန် / ထားဝယ်တွင် သင်္ကြန်ကာလ အငှားကားဈေးကွက် ပြောင်းလဲမှုမရှိ

ထားဝယ်တွင် သင်္ကြန်ကာလ အငှားကားဈေးကွက် ပြောင်းလဲမှုမရှိ

သီဟ(မြစ်မခ)

ထားဝယ်၊ မတ် (၃၀) ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သင်္ကြန်ကားအငှားဈေးကွက်အတွင်း ငှားရမ်းခနှုန်းထားများမှာ ယ ခင်နှစ်က နှုန်းထားအတိုင်းသာရှိမည်ဖြစ်ကြောင်း ဒေသတွင်းကားအငှားလိုက်သူများထံမှ သိရှိရသည်။

ထားဝယ် သင်္ကြန်လည်ကား အငှားဈေးကွက်အတွင်း Hi Jet ကားအမျိုးအစားများကိုသာ အများဆုံးငှားရမ်းကြ ပြီး ငှားရမ်းခဈေးနှုန်းများမှာ သင်္ကြန်တစ်ရက်လျှင် ကျပ်(၁)သိန်းဖြစ်ကြောင်းသိရသည်။

“ကားငှားခတွေကတော့ မတက်ဘူး၊ အရင်နှစ်အတိုင်းပဲ။ ဒါပေမဲ့ အကျက်နေ့တစ်ရက်တည်းငှားတယ်ဆိုရင် တော့ ပုံမှန်ဈေးထက် (၂၀၀၀၀)လောက်တော့ပိုပေးရတယ်။ အဲဒီနေ့က ငှားတဲ့လူလည်းများတယ်။”ဟု သင်္ကြန် ကားအငှားလိုက်သူ ဦးသားသားကပြောသည်။

နယ်ဘက်မှလာရောက်သော သင်္ကြန်လည်ပတ်သူအချို့သာ Town Ace ကားအမျိုးအစားများကို ငှားရမ်းလေ့ရှိ ကြပြီး အများစုမှာ Hi Jet ကားအမျိုးအစားနှင့် သုံးဘီးယာဉ်များကိုသာ ငှားရမ်းမှုများကြောင်း ကားအငှားလိုက် သူများကပြောသည်။

“သင်္ကြန်အတွင်း (၃)ရက်ဆက်တိုက်ငှားတာတို့၊ သင်္ကြန် စ၊ ဆုံးငှားတာမျိုးဆိုရင်တော့ ဈေးလျှော့ပေးတာတော့ ရှိတယ်။ တစ်ရက်ချင်းဖောက်ငှားတဲ့သူတွေဆိုရင်တော့ သင်္ကြန်ရက်ကိုကြည့်ပြီးဈေးယူပါတယ်။”ဟု Hi Jet ယာဉ်မောင်း ဦးထွန်းနိုင်ကပြောသည်။

ထို့အပြင် တစ်ရက်တာငှားရမ်းခြင်းမျိုးမဟုတ်ဘဲ မနက်ပိုင်း(သို့)ညနေပိုင်း၊ နေ့တစ်ဝက်ငှားရမ်းမှုများကို ကျပ် (၆၀၀၀၀)ဝန်းကျင်ခန့်ဈေးယူကြောင်း သိရသည်။

သင်္ကြန်ကားအငှားဈေးကွက်အတွင်း Hi Jet ကားငှားရမ်းခနှင့် သုံးဘီးယာဉ်ငှားရမ်းခများမှာ ကွာဟမှုသိပ်မရှိသ ဖြင့် သင်္ကြန်ကား အငှားဈေးကွက်အတွင်း သုံးဘီးယာဉ်ငှားရမ်းမှု မရှိသလောက်နည်းလာပါးလာကြောင်း သုံး ဘီးယာဉ်မောင်းနှင်သူများထံမှ သိရသည်။

Check Also

ဘားအံမြို့နယ်တွင် တစ်နှစ်အရွယ် နွားမလေးအားလိင်ဆက်ဆံသည်ဟုဆိုကာ အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

  မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ ဇန်နဝါရီ ၈ ရက်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မင်းဇီကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ အိမ်မွေးတစ်နှစ်အရွယ် နွားမလေးအား လိင်ဆက်ဆံခဲ့သည်ဟုဆိုကာ နွားပိုင်ရှင်၏ …