Thursday , April 13 2017
Home / FNews / ငွေကျပ်သိန်း(၅၀)တင်တောင်းသည့် ကိုရီးယားနိုင်ငံသားနှင့် မြန်မာအမျိုးသမီးတို့ ကသာမြို့နယ်တရားရုံးတွင် ထိမ်းမြားလက်ထပ်

ငွေကျပ်သိန်း(၅၀)တင်တောင်းသည့် ကိုရီးယားနိုင်ငံသားနှင့် မြန်မာအမျိုးသမီးတို့ ကသာမြို့နယ်တရားရုံးတွင် ထိမ်းမြားလက်ထပ်

နေမျိုးလှရွှေ (မြစ်မခ)

ကသာ၊ ဇန်နဝါရီ(၁၀)ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ကျောက်ထုံးကြီး ကျေးရွာအုပ်စု မာဂရီကျေးရွာမှ မြန်မာအမျိုး သမီးတစ်ဦးအား ကိုးရီးယားနိုင်ငံသားတစ်ဦးမှ ကျပ်သိန်း(၅၀)ဖြင့်တင်တောင်းကာ ဇန်နဝါရီလ(၁၀) ရက်တွင် ကသာမြို့နယ်တရားရုံး၌ ထိမ်းမြားလက်ထပ်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါမြန်မာအမျိုးသမီးမှာမာဂရီကျေးရွာနေ အဖဦးဘိုးဝင်းအမိ ဒေါ်ခင်စန်းဝေတို့၏ မွေးချင်း(၇) ယောက်မှ (၄)ယောက်မြောက်သမီး မချောချောစု အသက်(၂၀)နှစ်ဖြစ်ပြီး ရန်ကုန်မြို့ ဓမ္မစေတီလမ်းရှိ အလှပြုပြင်ရေး ဆိုင်တွင် အလုပ်လုပ်ရာမှ ကိုးရီးယားနိုင်ငံသား Cho Han Kweon (၃၁)နှစ် အင်ဂျင်နီယာနှင့် တွေ့ဆုံကာ ကိုရီးယားအမျိုးသားမှ မချောချောစု မိဘများထံ ကျပ်သိန်း(၅၀)ဖြင့် တင်တောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ပဲလက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာပွဲကိုတော့ ကိုးရီးယားမှာပဲ ကျင်းပမှာပါ။ သမီးကကိုးရီးယား စကားလည်း မတက်သေးတော့ သင်တန်းလည်းတက်ရဦးမှာပါ။ သူ့ အမျိုးသားနောက်လိုက်သွားမှာပါ။” ဟု မိခင်ဖြစ်သူ ဒေါ်ခင်စန်းဝေက ပြောသည်။

ကိုးရီးယားနိုင်ငံသားနှင့် လက်ထပ်ခဲ့သော်လည်း ဘာသာစကား အခက်အခဲကြောင့် အလှပြင်ဆိုင်ပိုင်ရှင် မအိအိထွေး(ဗန်းမော်မြို့သူ)ကိုရီးယားနိုင်ငံသားနှင့်အိမ်ထောင် သက်(၉)နှစ်ကြာ လက်ထပ်ထားသူမှ ဘာသာစကားအတွက် အကူအညီပေးနေကြောင်း သိရသည်။

Check Also

သင်္ကြန်ကာလ သံချပ်ဖျော်ဖြေတင်ဆက်မှုကို မွန်ပြည်နယ် အစိုးရအဖွဲ့မှ တားမြစ်မည်မဟုတ်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဧပြီ (၇) ရက်။ မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ဖျော်ဖြေတင်ဆက်မည့် သံချပ်များနှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်သော်လည်း တားမြစ်ပိတ်ပင်ခြင်းပြုလုပ်မည် …