Wednesday , November 29 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ / တရားမ၀င်လုပ်သားများ ဆန္ဒမဲ ပြန်လာပေးပါက လ.၀.က. အရေးယူခြင်းကို တာဝန်မယူနိုင်ဟု ဦးတင်အေးဆို

တရားမ၀င်လုပ်သားများ ဆန္ဒမဲ ပြန်လာပေးပါက လ.၀.က. အရေးယူခြင်းကို တာဝန်မယူနိုင်ဟု ဦးတင်အေးဆို

ကိုမင်း(မြစ်မခ)

 

ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ မွေးရပ်မြေသို့ ပြန်လာကာ ဆန္ဒမဲပေးပါက လူဝန်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲဆိုမှုများရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တာဝန်ယူမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ရောက်ရှိကာ ထိုဒေသအတွင်း ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် စက်တင်ဘာလ (၂၉) ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်အောင်တော့ လုပ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံရဲ့တည်ဆဲဥပဒေအရ ပြည်ပကို တရားမ၀င်သွားရောက်ရင် ဥပဒေအရအရေးယူနိုင်တာကြောင့် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားဆန္ဒမဲပေးရေးကို ကျွန်တော်တာဝန်မယူနိုင်ဘူး။” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

တိုင်းရင်းသားစည်းလုံညီညွှတ်ရေးပါတီ၏ အတွင်းရေးမှူး ဦးမောင်မောင်က ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးရေးကို မေးမြန်းရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဖြေကြားခြင်းဖြစ်သည်။

“လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ လ.၀.က(အက်)ဥပဒေမှာ နိုင်ငံသားတစ်ယောက်က တိုင်းတစ်ပါးကိုတရားမ ၀င်သွားရောက်ရင် ထောင်ဒဏ်ချမှတ်ပြီး အရေးယူလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဒေသခံတွေကိုမလုပ်ပါ ဘူး။ သူတို့ကတရားဝင်လမ်းကြောင်းက သွားတာဆိုရင် သက်ဆိုင်ရာ သံရုံးမှာ ဆန္ဒမဲပေးလို့ရပါတယ်။”ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ခရိုင်(လ.၀.က)မှူး ဦးကျော်စွာလင်းက  ပြောသည်။

တရားမ၀င်ရွှေ့ပြောင်းမြန်မာနိုင်ငံသားများသည် ဆန္ဒမဲပေးရန်ဇာတိနေရပ်သို့ပြန်ပါက ပြစ်ဒဏ်များ ကျခံနိုင်ဖွယ် ရှိသဖြင့် ဆန္ဒမဲလာရောက်ပေးကြမည်မဟုတ်ကြောင်း နိုင်ငံရေးပါတီများကလည်း သုံးသပ်ထားသည်။

ထိုင်းနိုင်ငံ ချင်းဟိုင်း၊ မယ်ဆိုင်၊ ချင်းမိုင်မြို့များ၌ ရွှေ့ပြောင်းမြန်မာအလုပ်သမား(၂)သိန်းခန့်သည် တရားမ၀င် သွားရောက်အလုပ်လုပ်ကိုင်နေကြသည်ဟု တာချီလိတ်ဒေသခံများက ခန့်မှန်းထားသည်။

Check Also

မြန်မာနိုင်ငံသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်ပြောဆို

မောင်မောင်ငြိမ်း (မြစ်မခ) မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောဆိုလိုက်သည်။ “ကျွန်တော်တို့နိုင်ငံက အရင်နဲ့မတူတော့ဘူး။ ပျိုတိုင်းကြိုက်တဲ့ …