Thursday , August 2 2018
Home / သတင်း / ပြည်သူ့ သတင်း / အာဆီယံဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမား ၆ ဒသမ ၅ သန်းခန့်ရှိ

အာဆီယံဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမား ၆ ဒသမ ၅ သန်းခန့်ရှိ

 

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရက်။

အာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၅ သန်းခန့်ရှိရာ မလေးရှား၊ စကာင်္ပူနှင့် ထိုင်းနိုင်ငံတို့ တွင် အများဆုံးပြောင်းရွှေ့သွားလာကြကြောင်း ဒီဇင်ဘာ (၁၈)ရက်က နေပြည်တော်ရှိ MICC- 2 တွင် ကျင်းပ သည့် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားတွင် နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

“ရွှေ့ပြောင်းသွားလာခြင်း၏ အကြောင်းရင်းသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရန်ဖြစ်ပြီး တစ်ချိန် တည်းတွင် မြို့ပြများ၌ လူဦးရေ ထူထပ်လာပြီး မတူကွဲပြားသော ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်း သဟဇာတ ဖြစ်ရေးသည် စိန်ခေါ်မှု ဖြစ်လာပါတယ်။” ဟု နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားက ရွှေ့ပြောင်းအလုပ်သမားများရဲ့ မိသားစုလွှဲပို့ငွေဟာ နိုင်ငံ့ GDP အတွက် အရေး ပါတဲ့ အရင်းအမြစ်ဖြစ်လို့ မိသားစုလွှဲပို့ငွေကို လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေ လျင်မြန်ချောမွေ့စွာလွှဲပြောင်း ပေးပို့နိုင်ဖို့ အခုထက်ပိုပြီး အားစိုက်ဆောင်ရွက်သွားရမယ်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်းပြီး ဒေသတွင်းနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။” ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ဆက်ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တရားဝင်ဖြစ်ရန် သက်သေခံလက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်၊ သာမန်နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ် အကိုင် သက်သေခံကဒ်ပြားများကို မြန်မာနိုင်ငံအစိုးရမှ ထုတ်ပေးလျှက်ရှိရာ ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ ၂ ဒသမ ၄ သန်း ကျော်ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

Check Also

အွန်လိုင်းပေါ်၌ ကုန်ပစ္စည်းများရောင်းချမှု စည်ပင်၏ လုပ်ငန်းလိုင်စင်နှင့် FDA ခွင့်ပြုမိန့်ပါရှိရမည်

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက်။ အွန်လိုင်းပေါ်တွင် အလှကုန်၊ အစားအသောက်နှင့် ဆေးဝါးအပါအဝင် ကုန်စည်အမျိုးမျိုးကိုရောင်းချပါက စည် ပင်သာယာ၏ လုပ်ငန်းလိုင်စင်နှင့် …