Thursday , August 2 2018
Home / FNews / GrabTaxi ဂိတ်များကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် ထားရှိ

GrabTaxi ဂိတ်များကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် ထားရှိ

ကြယ်စင်လင်း (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။

Grab က ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ရှိဈေးဝယ်စင်တာများနှင့် ရုံးအဆောက် အဦးများတွင် Grab Taxi ဂိတ်များ ထားရှိပြီးဖြစ်ကြောင်း Grab Myanmar က ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Grab ဂိတ်များကို Junction 8၊ Junction City၊ Junction Square၊ Junction Mawtin နှင့် Junction Zawana ဈေးဝယ်စင်တာများနှင့် Junction City Tower၊ Union Business Centre၊ Union Financial Centre အဆောက်အဦးများတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

“Grab က ရွှေတောင်ဆောက်လုပ်ရေးနဲ့ပူးပေါင်းပြီး မိတ်ဖက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ရ တဲ့အတွက် အရမ်းပဲဝမ်းသာဂုဏ်ယူမိပါတယ်။ အခုဆိုရင် Junction Centre Group ထဲမှာပါဝင်တဲ့ နာမည် ကျော် ရှော့ပင်းစင်တာတွေနဲ့ အပြင်ထွက်ရတာများတဲ့ ရုံးခန်းအဆောက်အဦးတွေမှာ Grab ဂိတ်တွေရှိနေပါပြီ။ အခုလို ရန်ကုန်မြို့မှာ စတင်လိုက်တဲ့ ပထမဦးဆုံးပူးပေါင်းဆောင်ရွက်မှုနဲ့တင် ဈေးဝယ်သူတွေနဲ့ ရုံးဝန်ထမ်းတွေ အငှားယာဉ်ငှားရမ်းနိုင်အောင် ကူညီပေးနိုင်တဲ့ ဂိတ်တွေအများကြီးကို ထားရှိပေးနိုင်တော့မှာဖြစ်ပါတယ်။”ဟု Grab Myanmar ၏ Country Manager ဖြစ်သူ Mr Amrt Sagar က ပြောသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရှော့ပင်းမောလ်များသို့ လာရောက်လည်ပတ်သူများ၊ ရုံးဝန်ထမ်းများ အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်ဖြစ်ပြီး ဈေးဝယ်လာသူများနှင့် ရုံးဝန်ထမ်းများသည် Grab Taxi  များကို လွယ်ကူချောမွေ့စွာ ငှားရမ်းစီးနှင်းနိုင်မည်ဖြစ်သည်။

“ခုလို  ရှော့ပင်းမောလ်တွေမှာထားတော့ ကားငှားရတာ ပိုအဆင်ပြေသွားတာပေါ့။ ကျွန်တော်ကတော့ Grab ပဲ စီးဖြစ်တာများတယ်။ ဈေးနှုန်းကို ခန့်မှန်းလို့ရလို့ပါ။”ဟု ရန်ကုန်မြို့ မြေနီကုန်းတွင် နေထိုင်သည့် ကိုသူက ပြောသည်။

ရန်ကုန်မြို့တွင် GrabTaxi အသုံးပြုပြီး လွယ်ကူသက်သာစွာငှားရမ်းနိုင်ရန် Grab app ကို Google Play နှင့် App Store တို့တွင် အခမဲ့ Download ရယူနိုင်ကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …