Thursday , August 2 2018
Home / သတင်း / ပြည်သူ့ သတင်း / ပြည်မြို့ လက္ကားဆေးဆိုင်ကြီးများ၏ ဆေးဝါးအထားအသို ပုံစံကို ထိန်းချုပ်မည်

ပြည်မြို့ လက္ကားဆေးဆိုင်ကြီးများ၏ ဆေးဝါးအထားအသို ပုံစံကို ထိန်းချုပ်မည်

 

သီဟလွင် (မြစ်မခ)

ပြည် နိုဝင်ဘာ ၂၉ ရက်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ရှိ ဆေးဝါးလက္ကားဖြန့်ဖြူးရောင်းချသော ဆေးဆိုင်ကြီးများ၏ ဆေးဝါးအထားအသိုများနှင့် ပတ်သက်၍ ထိန်းချုပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရှိရသည်။

ပြည်မြို့မှတဆင့် ပြည်မြို့အနီးတစ်ဝိုက် ဒေသများနှင့် ဆေးဆိုင်ငယ်များကို ဖြန်ဖြူးရောင်းချလျက်ရှိသည့် ပြည်မြို့ပေါ်ဆေးဆိုင်ကြီးများအား နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းကလည်း သာမန်ထိန်းချုပ်ဆေးဝါးများနှင့် ဆေးဝါးအထားအသိုများအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“အဓိကကတော့ ဆေးဝါးအထားအသိုပေါ့နော် ဥပမာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ရင် ဆေးဝါးအာနိသင် ပျက်ပြယ်နိုင်တာမျိုးပေါ့နော် ဆိုင်ကြီးတွေကို လိုက်စစ်တယ်။ ပညာပေးတယ်။ ဆိုင်ကြီးတွေက လက္ကား ဖြန့်တာပေါ့။ သူတို့ဆီက ပြန်ယူကြတာဆိုတော့ သူတို့ဆီက ကော်လတီ မကောင်းရင် ဆိုင်လေးတွေမှာ ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူး။ သူတို့ကိုတော့ တော်တော်လေး ထိန်းချုပ်ဖို့ရှိတယ်ပေါ့။”ဟု အစားအသောက်နှင့် ဆေြးါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်ခရိုင်ဦးစီးမှူး ဒေါက်တာ စိုးသက်နောင်က ပြောသည်။

နိုဝင်ဘာလအတွင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့ရှိ ဆေးဆိုင်များသို့ သွားရောက်ကာ ဆေးဝါးအထားအသို ကိစ္စရပ်များ၊ အပါအဝင် အခြားဆေးဝါးရောင်းချခြင်းနှင့် ဆိုင်သော ကိစ္စရပ်များကို အသိပညာပေး ဟောပြောပွဲများလည်း ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပြည်မြို့ရှိ ဆေးဆိုင် ၁၀ ဆိုင်အား လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းနေသော ဆိုင် ၁ ဆိုင်အား ဆေးဝါးများသိမ်းဆည်းခြင်းနှင့် ထပ်မံမရောင်းချရန်နှင့် ဆက်လက်ရောင်းချလိုပါက စနစ်တကျ လိုင်စင်လျှောက်ထား ရောင်းချရန် ညွှန်ကြား ခဲ့သးကြောင်း သိရသည်။

ဒီဇင်ဘာလတွင်မူ ပန်းတောင်မြို့၊ ဥသျှစ်ပင်မြို့၊ သဲကုန်းမြို့နှင့် ပုတီးကုန်းမြို့များရှိ ဈေးများ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခြင်း ဈေးကွက်နမူနာ ကောက်ယူခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်များကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

 

Check Also

အွန်လိုင်းပေါ်၌ ကုန်ပစ္စည်းများရောင်းချမှု စည်ပင်၏ လုပ်ငန်းလိုင်စင်နှင့် FDA ခွင့်ပြုမိန့်ပါရှိရမည်

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက်။ အွန်လိုင်းပေါ်တွင် အလှကုန်၊ အစားအသောက်နှင့် ဆေးဝါးအပါအဝင် ကုန်စည်အမျိုးမျိုးကိုရောင်းချပါက စည် ပင်သာယာ၏ လုပ်ငန်းလိုင်စင်နှင့် …