Monday , November 27 2017
Home / သတင်း / ပြည်သူ့ သတင်း / မြန်​မာနိုင်​ငံတွင်​ Cyber Law ကို လိုအပ်​သလို ကိုင်​တွယ်​​ဖြေရှင်းနိုင်​မည့်​ အဖွဲ့စည်းများရှိရန်လို

မြန်​မာနိုင်​ငံတွင်​ Cyber Law ကို လိုအပ်​သလို ကိုင်​တွယ်​​ဖြေရှင်းနိုင်​မည့်​ အဖွဲ့စည်းများရှိရန်လို

 

ပိုင်​ထက် ​(မြစ်​မခ)

ရန်​ကုန်​၊ နိုဝင်​ဘာ ၉ ရက်​။

မြန်​မာနိုင်​ငံတွင်​ ဆိုရှယ်​မီဒီယာ၊ အွန်းလိုင်းမှအမှုခင်းများကို ဖြေရှင်းနိုင်​မည့်​ Cyber Law ပြဌာန်းရန်​ လိုအပ်​​နေပြီး ကိုင်​တွယ်​​ဖြေရှင်းနိုင်​မည့်​ Cyber Police တပ်​ဖွဲ့ကိုလည်း ဖွဲ့စည်းရန်လိုအပ်​​နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီး ဦးနိုင်​ငံလင်းက ​ပြောဆိုလိုက်သည်​။

“အခု Facebook က လွတ်​လပ်​​နေတယ်​။ ပြီး​တော့ ဆိုရှယ်​မီဒီယာက​နေ ​ပြောဆိုမှုတွေ၊ တိုက်​ခိုက်​မှုတွေကို အကာကွယ်​​ပေးဖို့ Cyber Law က လိုအပ်​​နေပြီ။”ဟု ဦးနိုင်​ငံလင်းက​ ပြောသည်​။

Cyber Law ​ရေးဆွဲရန်​လိုအပ်​ပြီး ဥပ​ဒေကို ကိုင်​တွယ်ဆောင်​ရွက်​​ပေးမည့်​ နည်းပညာကျွမ်းကျင်​သည့် တပ်ဖွဲ့များလည်း လိုအပ်​​​နေပြီဖြစ်​​ကြောင်း ဦးနိုင်​ငံလင်းက ဆက်​ပြောသည်​။

အဆိုပါ Cyber Law ကိစ္စနှင့်​ပတ်​သက်​၍ ရန်​ကုန်​တက္ကသိုလ်​၌ ​နိုဝင်​ဘာ ၅ ရက်​ကပြုလုပ်သည့် လူ ငယ်​နှင့် ဆိုရှယ်​မီဒီယာစကားဝိုင်း​ ဆွေး​နွေးပွဲတစ်​ခုပြုလုပ်​ခဲ့ပြီး ပြန်​ကြား​ရေးဝန်​ကြီးဌာန၊ အလုပ်​သမား ညွှန်​ကြား​ရေး ဦးစီးဌာန၊ ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​၊ အစိုးရအဖွဲ့အပါအဝင်​ သက်​ဆိုင်​ရာ တာဝန်​ရှိသူများ တက်​​ရောက်​​ဆွေး​နွေးခဲ့​ကြောင်း သိရသည်​။

“ဥပ​ဒေကရှိသင့်​တယ်​။ Cyber Crime ​တွေကို ​ဖြေရှင်းဖို့ပါ။ နောက်​ပိုင်းနည်းပညာသုံးပြီး ခြိမ်း​ခြောက်​တာ​တွေ၊ အွန်းလိုင်း Banking စနစ်​ကို ဝင်​​ဖောက်​တာ​တွေဖြစ်​လာရင်​ ​ဖြေရှင်းဖို့လိုအပ်​လာပြီ။”ဟု ရန်​ကုန်​တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​နေဘုန်းလတ်​က​ပြောသည်​။

လက်​ရှိ ဆိုရှယ်​မီဒီယာမှတဆင့်​ နည်းပညာအသုံးချပြီး ဘဏ်​အ​ကောင့်​များကိုဟက်ခြင်း၊ ​ငွေ​ကြေးအ​ကောင့်​ ခိုးယူသုံးစွဲခင်းများဖြစ်​ပါက လက်​ရှိဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ(၆၆)ဖြင့်​ ​ဖြေရှင်းနိုင်​မည်​မဟုတ်​​ကြောင်း ဦးနေဘုန်းလတ်က​ ဆက်ပြောသည်​။

Cyber law အပြင်​ နည်းပညာပိုင်းကျွမ်းကျင်​သည့်​ တပ်​ဖွဲ့ဝင်​များ၊ ပညာရှင်​များလည်း လိုအပ်​​ကာ နည်းပညာနှင့်​ ပတ်​သက်​သော အမှုအခင်းများဖြစ်​​ပေါ်လာပါကလည်းတရားစီရင်​မှုအပိုင်းတွင်​ နည်းပညာရှင်​များကို ​ထည့်သွင်း စဉ်​စားရန်​လိုအပ်​​ကြောင်း သိရသည်။

Check Also

မောင်တောမြို့နယ်အတွင်း ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ စက်တင်ဘာ(၂၈)ရက်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စိစစ်ဖော်ထုတ်နိုင် ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောမြို့မ ရဲစခန်းမှ …