Saturday , August 4 2018
Home / သတင်း / ပြည်သူ့ သတင်း / မောင်တောမြို့နယ်အတွင်း ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

မောင်တောမြို့နယ်အတွင်း ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ စက်တင်ဘာ(၂၈)ရက်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စိစစ်ဖော်ထုတ်နိုင် ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ နေရာတွင် စက်တင်ဘာ(၂၆)ရက်တွင် ဟိန္ဒူနေအိမ်(၃)လုံးနှင့် (၂၇)ရက်တွင် နေအိမ်(၁)လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုးမှာ ကျပ်(၁၅၀၀၀၀)ရှိကြောင်း မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

“မီးလောင်မှုဖြစ်စဉ်များနဲ့ အမှုဖွင့်လှစ်ပြီး တရားခံအား ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ တရား ခံကိုတော့ ဖေါ်ထုတ်ဖမ်းဆီးရရှိမှုတော့ မရှိသေးပါဘူး။” ဟု မောင်တောမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ကွင်းဆင်းစစ်ဆေးနေစဉ် ယခုကဲ့သို့ မီးလောင်မှုများဖြစ်ပွားနေကြောင်း သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်မှုကြောင့် ဟိန္ဒဘာသာဝင် အိမ်ထောင်စု(၅၆၃)စု၊ လူဦးရေ(၂၇၅၂)ဦးတို့မှာ နေရပ်စွန့်ခွာထွက်ပြေးပြီး မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလုံနေရ ကြောင်း သိရသည်။

မောင်တောမြို့နယ် နယ်အတွင်း ဟိန္ဒူဘာသာဝင်(၅၂)ဦး သတ်ဖြတ်ခံခဲ့ရပြီး (၁၉၂)ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

Check Also

မြန်​မာနိုင်​ငံတွင်​ Cyber Law ကို လိုအပ်​သလို ကိုင်​တွယ်​​ဖြေရှင်းနိုင်​မည့်​ အဖွဲ့စည်းများရှိရန်လို

  ပိုင်​ထက် ​(မြစ်​မခ) ရန်​ကုန်​၊ နိုဝင်​ဘာ ၉ ရက်​။ မြန်​မာနိုင်​ငံတွင်​ ဆိုရှယ်​မီဒီယာ၊ အွန်းလိုင်းမှအမှုခင်းများကို ဖြေရှင်းနိုင်​မည့်​ Cyber Law ပြဌာန်းရန်​ လိုအပ်​​နေပြီး …