Friday , September 22 2017
Home / သတင်း / ပြည်သူ့ သတင်း / ကလေးလုပ်သားများ ညှင်းပန်းနှိပ်စက်ခံရများကို ရပ်ကျေးအဆင့်အဖွဲ့များဖြင့် စောင့်ကြည့်မည်

ကလေးလုပ်သားများ ညှင်းပန်းနှိပ်စက်ခံရများကို ရပ်ကျေးအဆင့်အဖွဲ့များဖြင့် စောင့်ကြည့်မည်

အေမီအောင်(မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။

အလုပ်ရှင်၊ အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုခံနေရသည့် ကလေးလုပ်သားများ၏နစ်နာမှုများကို သိရှိစေရန် အ ထွေထွေအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကျေးအဆင့်စောင့်ကြည့်ရေးအဖွဲ့များဖြင့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ တတိယနေ့ကို စက်တင်ဘာ ၅ ရက်တွင် ပြုလုပ်ရာ အိမ်ဖော်အဖြစ်လုပ်ကိုင်နေသည့် ကလေးလုပ်သားများအား ညှင်းပန်းနှိပ်စက်မှုများဖြစ်ပေါ်နေခြင်းကို အချိန်နှင့် တပြေးညီသိရှိစေရန် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းပေးရန် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်းမှုကို ဝန်ကြီးကဖြေကြားလိုက်ခြင်းဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ရပ်ကျေးအဆင့်ကို လေ့လာစောင့် ကြည့်ခိုင်းပြီး အစိုးရအဖွဲ့ထံ အင်ဖော်မေးရှင်းပေးဖို့လည်း လိုပါတယ်။ အဆိုပါဖြစ်စဉ်များ သိရှိလို၍လည်း ရပ် ကျေးဥက္ကဌများ၊ ရာအိမ်မှူးများကို ခန့်အပ်ထားခြင်းဖြစ့်ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေး အဆင့်တွေကို အမြဲတမ်းတွန်းအားပေးရမှာဖြစ်ပါတယ်။ စောင့်ကြည့်အဖွဲ့တွေ ဖြစ်ပေါ်လာအောင်လည်း အ ကောင်အထည်ဖော်သွားပါမယ်။”ဟု ဝန်ကြီး ဦးဇော်အေးမောင်ကပြောသည်။

မိသားစုအဆင်မပြေခြင်း၊ ကျွေးမွေးစောင့်ရှောက်မည့်သူမရှိခြင်းတို့ကြောင့် လုပ်ငန်းခွင်နှင့် နေအိမ်များတွင် အိမ် ဖော်အဖြစ် လုပ်ကိုင်နေစဉ် နှိပ်စက်ခံရသည့် ကလေးသူငယ်များ၏ အမှုဖြစ်စဉ်များကို သတင်းမီဒီယာများတွင် ဖော်ပြမှသာ သိရှိနေရသဖြင့် ရပ်ကွက်၊ ကျေးရွာအလိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းပေးရန်လို ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကပြောသည်။

“ဝန်ကြီးအနေနဲ့၊ ဌာနတွေအနေနဲ့ကို မက်ဆေ့ခ်ျပေးရုံနဲ့ မလုံလောက်ဘူးလို့ထင်ပါတယ်။ စုစည်းပြီး အကောင် အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ အစည်းအဝေးခေါ်ဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။”ဟု လွှတ်တော်ကိုယ် စားလှယ်ဦးရန်ရှင်းက တိုက်တွန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ဖော်လုပ်ငန်းဖြင့် အသက်မွေးနေသည့်ကလေးသူငယ်များ ညှင်းပန်းနှိပ်စက် ခံရသည့်ဖြစ်စဉ်များကို ကာကွယ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး၊ ကျန်း မာရေး အစရှိသည့် ဌာနဆိုင်ရာများကလည်း ဆောင်ရွက်ပေးရန် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

Check Also

မဲခေါင်ဒေသ(၆)နိုင်ငံ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာနရုံး ကျိုင်းတုံမြို့တွင်ဖွင့်လှစ်

  ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ သြဂုတ် ၁၁ ရက်။ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ(၆)နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ရာဇဝတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ရန် …