Friday , September 22 2017
Home / FNews / ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။

ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာနိုင်ငံဗိသုကာအသင်းနှင့် AMA Bagan Architecture Inventory အသင်းတို့ပူးပေါင်း၍ ပုဂံဒေသအတွင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလထိ စာရင်းကောက်ယူခဲ့ပြီး (၇)လကျော်အကြာတွင် ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဗိသုကာအသင်းက ပုဂံမှာ ဘုရားဘယ်နှစ်ဆူရှိလဲဆိုတာကို ပုဂံငလျင်ပြီးတဲ့ အောက်တိုဘာမှ ဒီ ဇင်ဘာထိ စာရင်းကောက်ခဲ့ပါတယ်။ အဲ့စာရင်းပြီးတဲ့အခါ နောက်(၇)လကြာသည်ထိ စိစစ်ရပါတယ်။ မသေချာ တာတွေကိုပြန်သွားပြီး ပုဂံဒေသကိုသွားလေ့လာပါတယ်။ အဲ့လိုလုပ်ပြီး ပြီးခဲ့တဲ့သြဂုတ်လက နေပြည်တော်မှာ ရှေးဟောင်းသုတေသနအဖွဲ့နဲ့ အစည်းအဝေးပွဲတွေပြုလုပ်ပြီးမှ အခုထုတ်ပြန်တဲ့အရေအတွက်ကို ရခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံဗိသုကာအသင်းဥက္ကဌ ဦးဆန်းဦးကပြောသည်။

စာရင်းကောက်ယူရာတွင် ချုံများအောက်တွင်တွေ့ရှိသည့် အဆောက်အအုံများ၊ မည့်သည့်အဆောက်အအုံဟု အမည်မဖော်ပြနိုင်သည့်အဆောက်အအုံများလည်း တွေ့ရှိရပြီး မြေအောက်များတွင်လည်း ရှိနေနိုင်သေး ကြောင်း စာရင်းကောက်ယူသည့်အဖွဲ့ထံမှ သိရသည်။

“ပုဂံဒေသမှာ ၂၀၁၆ သြဂုတ် ၂၄ ရက်မှာ ငလျင်လှုပ်ပါတယ်။ ငလျင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ အဆောက် အအုံများကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ဗိသုကာအသင်းက နောက်တစ်နေ့ပဲ သွားရောက်ခဲ့ကြပါတယ်။ အဲ ဒါမြင်ရတဲ့အခါမှာ စာရင်းကောက်ဖို့လုပ်ငန်း ပိုပြီးမြန်မြန်လုပ်ဖို့ကို ပြင်ဆင်ခဲ့ကြရပါတယ်။ ဒီလိုစာရင်းမလုပ်ထား ရင် ပြန်လည်ပြုပြင်ကြတာတွေ၊ အသစ်တည်ဆောက်ကြတာတွေနဲ့ ပိုပြီးရှုပ်ထွေးသွားနိုင်တယ်။ ပုဂံဒေသမှာ ပြု ပြင်စရာတွေအများကြီးကိုတွေခဲ့ပါတယ်။”ဟု မြန်မာနိုင်ငံဗိသုကာအသင်းမှ ဒုတိယ ဥက္ကဌ ဦးမော်လင်းက ပြောသည်။

လက်ရှိစာရင်းကောက်ယူရရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံနှင့် စေတီပုထိုးစုစုပေါင်း(၃၈၂၂)ခု တွင် အချို့မှာ ပြိုကျခြင်း၊ ပျက်စီးခြင်း၊ တစ်စစီဖြစ်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ အက်ကွဲကြောင်းများတွေ့ရှိခြင်းတို့ ရှိနေကြောင်း သိရသည်။

 

Check Also

ကလေးလုပ်သားများ ညှင်းပန်းနှိပ်စက်ခံရများကို ရပ်ကျေးအဆင့်အဖွဲ့များဖြင့် စောင့်ကြည့်မည်

အေမီအောင်(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ အလုပ်ရှင်၊ အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုခံနေရသည့် ကလေးလုပ်သားများ၏နစ်နာမှုများကို သိရှိစေရန် အ ထွေထွေအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကျေးအဆင့်စောင့်ကြည့်ရေးအဖွဲ့များဖြင့် စောင့်ကြည့်သွားမည် …