Friday , September 22 2017
Home / သတင်း / ပြည်သူ့ သတင်း / မသန်​စွမ်းအ​ရေးကို လူကယ်​ပြန်​ဝန်​ကြီးဌာနတစ်​ခုတည်းသာ လုပ်​​ဆောင်​ရမည်​မဟုတ်​ဟုဆို

မသန်​စွမ်းအ​ရေးကို လူကယ်​ပြန်​ဝန်​ကြီးဌာနတစ်​ခုတည်းသာ လုပ်​​ဆောင်​ရမည်​မဟုတ်​ဟုဆို

 

ပိုင်​ထက်​ (မြစ်​မခ)

ရန်​ကုန်​၊ စက်​တင်​ဘာ ၆ ရက်​။

မသန်​စွမ်းအ​ရေးကိစ္စများကို​ လူမူဝန်​ထမ်း၊ ကယ်​ဆယ်​​ရေးနှင့်​ ပြန်​လည်​​နေရာချထား​ရေးဝန်ကြီးဌာနတစ်ခု တည်းက​သာ လုပ်​​ဆောင်​ရမည်​မဟုတ်​ဘဲ ဝန်​ကြီးဌာနအားလုံးနှင့်​ သက်​ဆိုင်​​ကြောင်း မသန်စွမ်းအရေး လုပ်ဆောင်​​နေသူတို့ကပြောဆိုလိုက်သည်။

“မသန်​စွမ်းအ​ရေးဆိုတာ သပ်​သပ်​မဟုတ်​ဘူး။ လူအခွင့်​​အရေးအတိုင်းပါပဲ။ အခု မသန်​စွမ်းဆိုရင်​ လူကယ်ပြန် ကလုပ်​ရမယ်​လို့ ထင်​​နေကြတယ်​။ မဟုတ်​ပါဘူး၊ အားလုံးနဲ့ဆိုင်​တယ်​။”ဟု မသန်​စွမ်းများ ပညာ​သင်ကြားခွင့်ရ ရှိရေးလုပ်​​ဆောင်​​နေသည့်​ ကိုရဲဝင်းက​ပြောသည်​။

ဦးသိန်းစိန်​အစိုးရလက်​ထက်​က မသန်​စွမ်းဥပ​ဒေကိုပြဌာန်းထားပြီး ဥပ​ဒေတွင်​ပါရှိသည့်​ သက်ဆိုင်ရာဝန်ကြီးဌာ နဟု ​ဖော်​ပြထားခြင်းမှာလည်း လူကယ်​ပြန်​ဝန်ကြီးဌာနတစ်​ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်​​ကြောင်း ကိုရဲဝင်း က​ပြောသည်​။

လက်​ရှိ မသန်​စွမ်းအ​ရေးဆောင်​ရွက်​မှုများတွင်​ ဝန်​ကြီးဌာနများအ​နေဖြင့်​ ပိုမိုပါဝင်​လုပ်​​ဆောင်​သင့်​​ကာ အစိုးရ ဌာနများမှ တာဝန်​ရှိသူများအ​နေဖြင့်​လည်း မသန်​စွမ်းအ​ရေးကို သိရှိနားလည်​ရန်လိုအပ်​​ကြောင်း မသန်​စွမ်းအ​ရေးလုပ်​​ဆောင်​​နေသည့်​ အဖွဲ့အစည်းများကပြောသည်။

“ပညာ​ရေးဆိုလည်း ပညာ​ရေးဝန်​ကြီးဌာနက မသန်​စွမ်း​တွေအတွက်​ ထည့်​သွင်းစဉ်းစားရမယ်။ အကြောင်းအ ရာအလိုက်​​ပြောတာပါ။ အခု လူကယ်​ပြန်​နဲ့ပဲသက်​ဆိုင်​သလိုဖြစ်​​နေတာ မှား​နေတယ်​။”ဟု ​ မြန်မာနိုင်ငံမသန် စွမ်းသူများအသင်းချုပ်​မှ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးမြတ်​သူဝင်းက​ပြောသည်​။

မြန်​မာနိုင်​ငံအ​နေဖြင့်​ ကုလသမဂ္ဂ မသန်​စွမ်းသူများအခွင့်​​ရေးဆိုင်​ရာသ​ဘောတူစာချုပ်​ကိုလည်း ၂၀၁၁ ခုနှစ်​က လက်​မှတ်​​ရေးထိုးခဲ့ပြီးဖြစ်​ကာ လက်​ရှိတွင်လည်း မသန်​စွမ်းနည်းဥပ​ဒေ​ပေါ်ထွက်​လာနိုင်​​ရေးအတွက် လုပ် ဆောင်​​နေ​ကြောင်း သိရသည်​။

မြန်​မာနိုင်​ငံတွင်​ ၂၀၁၄ ခုနှစ်​ကကောက်ယူခဲ့သည့် သန်းခေါင်​စာရင်းအချက်အလက်များအရ ​လူဦး​ရေ(၅၁.၄) သန်း​ကျော်​ရှိပြီး (၂.၃)သန်း​ကျော်​မှာ မသန်​စွမ်းသူများဖြစ်​​ကြကြောင်း ထုတ်​ပြန်​​ကြေညာထားသည်​။

Check Also

မဲခေါင်ဒေသ(၆)နိုင်ငံ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာနရုံး ကျိုင်းတုံမြို့တွင်ဖွင့်လှစ်

  ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ သြဂုတ် ၁၁ ရက်။ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ(၆)နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ရာဇဝတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ရန် …