Tuesday , November 28 2017
Home / သတင်း / ပြည်သူ့ သတင်း / မဲခေါင်ဒေသ(၆)နိုင်ငံ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာနရုံး ကျိုင်းတုံမြို့တွင်ဖွင့်လှစ်

မဲခေါင်ဒေသ(၆)နိုင်ငံ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာနရုံး ကျိုင်းတုံမြို့တွင်ဖွင့်လှစ်

 

ထက်တိုင်းကျော် (မြစ်မခ)

ကျိုင်းတုံ၊ သြဂုတ် ၁၁ ရက်။

မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ(၆)နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ရာဇဝတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ရန် လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာနရုံး အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

“မဲခေါင်ဒေသ လုံခြုံရေးညှိနှိုင်းမှုဗဟိုဌာနရုံးကနေ အဖွဲ့ဝင်နိုင်ငံများရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်သွားဖို့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြတာကို တွေ့ရှိရလို့ အဖွဲ့ဝင်နိုင်ငံများအချင်း ချင်း ရှေ့ဆက်လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ရလာဒ်ကောင်းများ ရရှိစေနိုင်မှာဖြစ်ပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

Safe Mokong Coordination Project အရ မဲခေါင်ဒေသလုံခြုံရေးညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာနရုံးကို ၂၀၁၆ ဇန်နဝါရီလမှဇွန်လအထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ စက်တင်ဘာလမှ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၊ ၂၀၁၇ ဇန်နဝါရီလမှ ဇွန်လအထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့တွင် ၂၀၁၇ ဇူ လိုင်လမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၀ ရက်မှသာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ကြောင်းဒေသ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရွက်သွားရန် နားလည်မှုစာချွန်(Mou)အား ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းတို့ပါဝင်သော(၄)နိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနှင့် ဗီယက် နမ်နိုင်ငံတို့သည်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့ကြောင်းသိရသည်။

မဲခေါင်ဒေသ(၆)နိုင်ငံ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာနရုံး၊ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိသူများ၊ မဲခေါင်ဒေသလုံခြုံရေးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မဲခေါင်ဒေသ လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများသည် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ရာဇဝတ်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြစ်စဉ်များကို နိုင်ငံအချင်းချင်း ပူးပေါင်းတားဆီးကာကွယ်နှိမ်နင်းရေး နှင့် သတင်းဖလှယ်ပေးပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Check Also

မြန်မာနိုင်ငံသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်ပြောဆို

မောင်မောင်ငြိမ်း (မြစ်မခ) မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောဆိုလိုက်သည်။ “ကျွန်တော်တို့နိုင်ငံက အရင်နဲ့မတူတော့ဘူး။ ပျိုတိုင်းကြိုက်တဲ့ …