Saturday , May 27 2017
Home / FNews / နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်သည့် တရုတ်နိုင်ငံသား (၆)ဦးကို ပြည်နှင်ဒဏ်ပေး

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်သည့် တရုတ်နိုင်ငံသား (၆)ဦးကို ပြည်နှင်ဒဏ်ပေး

 

ထက်တိုင်းကျော် (မြစ်မခ)

ကျိုင်းတုံ၊ မေ ၂၄ ရက်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အကျဉ်းထောင်မှ မေ ၂၄ ရက်၊ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည့် တရုတ်နိုင်ငံသား(၆)ဦးကို ပြည်နှင်ဒဏ်ဖြင့် တရုတ်နိုင်ငံသို့ပြန်ပို့ပေးရ မည်ဖြစ်ကြောင်း သိရှိရသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ပြည်နှင်ဒဏ်နဲ့ပြန်ပို့ပေးရမယ့် တရုတ်နိုင်ငံသား(၆)ဦးလုံးက တာချီလိတ် ခရိုင်၊ မိုင်းယောင်းမြို့နယ်တရားရုံးမှာ အမိန့်ချမှတ်ထားခဲ့ပြီး ကျိုင်းတုံအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ တွေဖြစ်ပါတယ်။”ဟု ကျိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိ ဦးတင်အောင်ကျော်က ပြောသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်လာသော တရုတ်နိုင်ငံ သား(၆)ဦးမှာ တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ မောက်မင်မြို့နယ်ရှိဟောင်ကျုံရွာတွင်နေထိုင်ကြသည့် ကျန်း ဖျန်(၅၆)နှစ်၊ ဖူရှင်း(၄၈)နှစ်၊ ဟွာရန်ဝမ်(၅၁)နှစ်၊ ဝူခိုက်ရန်(၄၈)နှစ်နှင့် ကျန်(၂)ဦးမှာ ယူနန်ပြည်နယ်၊ ကျင်းဟာ မြို့နယ်၊ မန်ဘာခိုကျေးရွာနေသူများဖြစ်သည့် ထန်ဆုချွင်း(၂၄)နှစ်နှင့် ရှောင်ယွင်းဟွာ(၄၇)နှစ်တို့ဖြစ်ကြောင်း သိရသည်။

မောက်မင်မြို့နယ်ရှိ ဟောင်ကျုံရွာတွင် နေထိုင်ကြသူ(၄)ဦးမှာ ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်က တရုတ်-မြန်မာ နယ်စပ်ရှိ တာမိုးလုံးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ ကျိုင်းယန်းမြို့နယ်ရှိ ရာဘာခြံတစ်ခုအတွင်းဝင်ရောက်ကာ တရားမဝင်နေထိုင်လုပ်ကိုင်နေစဉ် နယ်မြေခံတပ်မတော်၊ ရှင်းလင်းရေးစစ်ကြောင်းက ဖမ်းဆီးရမိခဲ့ပြီး မိုင်းယောင်းမြို့နယ်တရားရုံး၏ ထောင်ဒဏ်(၉)လချမှတ်ခံရသူများဖြစ်သည်။

ကျင်းဟာမြို့နယ်၊ မန်ဘာခိုကျေးရွာနေသူ(၂)ဦးမှာ ၂၀၁၇ မတ် ၂ ရက်က မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာစဉ် မိုင်းယောင်းမြို့နယ်၊ ဟိုရမ်းရွာအနီးရှိ စုပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရသူများဖြစ်ကာ မိုင်းယောင်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်(၆)လချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့်လွတ်မြောက်သူ မြန်မာနိုင်ငံသားစုစုပေါင်း(၁၈၆)ဦးရှိခဲ့ သော်လည်း ကျိုင်းတုံအကျဉ်းထောင်မှလွတ်မြောက်သူ နိုင်ငံသားအကျဉ်းသား မရှိခဲ့ကြောင်း ကျိုင်းတုံအကျဉ်း ဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေသော နိုင်ငံခြားသားအကျဉ်းသား(၇၃)ဦးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၂၀၄)၊ ပုဒ်မခွဲ(က)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …