Saturday , May 27 2017
Home / FNews / လားရှိုးအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား(၂၄)ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား(၇)ဦး လွတ်မြောက်

လားရှိုးအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား(၂၄)ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား(၇)ဦး လွတ်မြောက်

 

နောင်(မြစ်မခ)

လားရှိုး၊ မေ ၂၄ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသားများနှင့် နိုင်ငံသား အကျဉ်သား စုစုပေါင်း(၃၁) ဦးအား နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ ၂၄ ရက်၊ နံနက်ပိုင်းက လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ် ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီး တွင် အကျဉ်းကျခံနေရေသောအကျဉ်းသားများအား နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ်၊ မေ ၂၃ ရက်တွင် ထုတ်ပြန်သည့် ရုံးအမိန့်စာအမှတ် ၈/၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၀၄)၊ ပုဒ်မခွဲ (က)အရ ပြစ်ဒဏ်မှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ကချမှတ်ပေးလိုက်တဲ့အတိုင်း အကျဉ်းသားတွေကို လွှတ်ပေးတာပါ။ နိုင်ငံခြားသားတွေကို လ.ဝ.ကကို လွှဲပေးတယ်။ ကျန်တာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပေးလိုက်တာပါ။”ဟု လားရှိုးအကျဉ်းဦး စီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးနိုင်ဦးကပြောသည်။

ပြစ်ဒဏ်မှလွတ်မြောက်သူ နိုင်ငံသားများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၎င်းတို့၏နေရပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ကာ တရုတ်နိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးဌာနမှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ရသူများမှာ နမ္မတူမြို့၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်စလပ်၊ မိုင်းယော်၊ လောက်ကိုင်၊ မုံး ပေါ်၊ မန်တုံ၊  နမ့်ဆန်၊ နမ့်ခမ်းမြို့နယ်များမှ အကျဉ်းချခံရသူများပါဝင်ပြီး မတရားအသင်းဆက်သွယ်မှု၊ တရားမ ဝင်ခိုးဝင်မှုတို့ဖြင့် အကျဉ်းချခံရသူများပါဝင်ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …