Wednesday , November 29 2017
Home / FNews / မန္တ​လေး ဗဟိုအကျဉ်း​ထောင်​မှ ကျောင်းသားနှင့် တောင်သူများအပါအဝင် အကျဉ်းသား(၄၆)ဦး လွတ်​​မြောက်

မန္တ​လေး ဗဟိုအကျဉ်း​ထောင်​မှ ကျောင်းသားနှင့် တောင်သူများအပါအဝင် အကျဉ်းသား(၄၆)ဦး လွတ်​​မြောက်

မင်းခန့်​ (မြစ်​မခ)

မန္တလေး၊ မေ ၂၄ ရက်​။

ဒုတိယအကြိမ် ၂၁ ရာစု ပင်​လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုသောအားဖြင့်​ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အကျဉ်းသားများကို လွတ်​​ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မန္တလေးဗဟိုအကျဉ်း​ထောင်​မှ ကျောင်းသား နှင့် တောင်သူများအပါအဝင်(၄၆)ဦး မေ ၂၄ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရှိရသည်။

လွတ်မြောက်လာသည့်အကျဉ်းသားများတွင် အမျိုးသား(၄၅)ဦးနှင့်​ အမျိုးသမီး(၁)ဦးပါဝင်ပြီး ကျောင်းသား(၄) ဦး၊ မြစ်​သားမြို့နယ်​မှ တောင်သူ(၇)ဦးနှင့်​ လဝကပုဒ်​မ၊ မတရားအသင်းဆက်​သွယ်​သည့်​ ပုဒ်​မတို့ဖြင့် အဖမ်းခံရ သည့်​ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့ အပါအဝင်​ လွတ်​ရက်​​စေ့အကျဉ်းသားများလည်းပါဝင်​ကြောင်း သိရသည်။

“ကျွန်​​တော်​တို့က ​ထောင်​ထဲမှာ(၂)နှစ်​နီးပါး​နေခဲ့ရတယ်​။ နိုင်​ငံ​ရေးပုဒ်​မ-၅(ည)ကို ဖျက်​သိမ်းခဲ့​ပေမယ့်​  ​ထောင်​ထဲမှာ ၅(ည)နဲ့ကျခံ​နေရတဲ့သူ​တွေ အများကြီးရှိတယ်​။ လက်​ရှိက ​ထောင်​ထဲမှာ အရင်အစိုးရလက်ထက်က ခုံရုံးဖွဲ့အစစ်​ခံခဲ့ရတဲ့ သေဒဏ်​​ကျ​နေတဲ့သူ​တွေရှိတယ်​။ အခု သူတို့ကို​ပြောင်းပြီး တစ်​သက်​လို့အမိန့်​ချပေမယ့်​ ​ထောင်​သက်​ဘယ်​​လောက်​ဆိုတာ သတ်​မှတ်​ချက်​မရှိပါဘူး။ တကယ်​စစ်​မှန်​တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆို ရင်​ အဲဒီလူ​တွေအားလုံးကိုပါ လွှတ်​​ပေးသင့်​ပါတယ်​။”ဟု လွတ်မြောက်လာသူ ကို​ဇော်​ဇော်​လတ်​က ပြောသည်​။

၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုသည့်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ်၊ မေ ၂၃ ရက်တွင်ထုတ်ပြန်သည့် ရုံးအမိန့်စာအမှတ် ၈/၂၀၁၇ အရ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား(၁၈၆)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …