Friday , March 10 2017
Home / သတင်း / ပြည်သူ့ သတင်း / ရိုးမ မာရသွန်ပြိုင်ပွဲကျင်းပမည့် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့တွင်းရှိ ကားလမ်းမအချို့ ခေတ္တပိတ်မည်

ရိုးမ မာရသွန်ပြိုင်ပွဲကျင်းပမည့် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့တွင်းရှိ ကားလမ်းမအချို့ ခေတ္တပိတ်မည်

မြစ်မခ

ရန်ကုန်၊ ဇန်နဝါရီ(၃) ရက်၊

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပမည့် ၂၀၁၇ ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့တွင်းရှိ လမ်းမကြီးအချို့နှင့် လမ်းသွယ်များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း မာရသွန်ပြိုင်ပွဲစီစဉ်ကျင်းပသူများက ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ပြိုင်ပွဲကိုဘေးအန္တရာယ်ကင်းရှင်းစွာကျင်းပနိုင်ရေးအတွက် လမ်းအချို့ကို လမ်းအပြည့်(သို့)လမ်းတစ်ဝက်ပိတ် ထားမည်ဖြစ်ကြောင်း ယာဉ်မောင်းသူများသိရှိစေရန် ပွဲစီစဉ်သူများဖြစ်ကြသည့် Yoma Strategic Holdings၊ First Myanmar Investment(FMI)နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)တို့မှ ကြေညာ လိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီ(၈)ရက်နေ့တွင် ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံမှ သံသုမာလမ်းဆုံအထိ (နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲအထိ)နှင့် ရာဇဓိရာဇ်လမ်းမှ ကမ်းနားလမ်းအထိ(နံနက် ၄ နာရီခွဲမှ နံနက် ၉ နာရီအထိ)၊ ကမ်းနား လမ်း သီရိမင်္ဂလာဈေးဟောင်းကမ်းနားလမ်းဆုံထိကို(နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီအထိ)ပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ရွှေတိဂုံဘုရားလမ်းမှ ဦးထောင်ဘိုလမ်းအထိကို(နံနက် ၄ နာရီခွဲမှ နံနက် ၉ နာရီအထိ)နှင့် ဗညားဒလ လမ်းမှ ကျိုက္ကဆံလမ်းအထိ(နံနက် ၄ နာရီခွဲမှ နံနက် ၁၀ နာရီခွဲအထိ)၊ စက်ရုံလမ်းမှ ဗညားဒလလမ်းအထိ (နံ နက် ၄ နာရီခွဲမှ နံနက် ၁၀ နာရီခွဲအထိ)နှင့် ဗဟိုလမ်းမှ ဆေးဝါးစက်ရုံလမ်းအထိ(နံနက် ၄ နာရီခွဲမှ နံနက် ၁၁ နာရီအထိ)၊ အောင်သိဒ္ဓိလမ်းမှ မင်းဓမ္မလမ်းအထိ(နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)၊ သစ္စာလမ်း(ကန် ဘဲ့)မှ မိုးကောင်းလမ်းအထိ(နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီအထိ)ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ကားလမ်းများပိတ်ရာတွင် အချက်ပြအမှတ်အသားများ စိုက်ထူထားမည့်အပြင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲ တပ်ဖွဲ့ဝင်များကလည်း လမ်းကြောင်းများကို စနစ်တကျစီမံခန့်ခွဲထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအမျိုးအစားအားလုံး၏ တာထွက်ရာနှင့် ပန်းဝင်ရာဖြစ်သော သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းနှင့်အတူ အပြည့်မာရသွန်(၄၂ ဒဿမ ၁၉၅ ကီလိုမီတာ)ပြေးလမ်းကြောင်းတွင် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရား၊ အင်းလျားကန်တို့အပြင် အခြားအထင်ကရနေရာများလည်း ပါဝင်မည်ဖြစ်သည်။

အပြည့်မာရသွန်၊ တစ်ဝက်မာရသွန်(၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန်(၁၀ ကီလိုမီတာ)နှင့် ၃ ကီလိုမီတာ အ ပျော်တမ်းအပြေး(သို့မဟုတ်)လမ်းလျှောက်ပြိုင်ပွဲများ၏ အပြေးလမ်းကြောင်းများနှင့်ပတ်သက်၍ သိရှိလိုသည် များကို ပြိုင်ပွဲ၏ website ဖြစ်သည့် http://www.yomayangonmarathon.com/race-details/ တွင် ဝင် ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ကျင်းပလာခဲ့သည်မှာ (၅)ကြိမ်တိုင်ရှိခဲ့ရာ ယခုပြိုင်ပွဲတွင် ၂၀၁၆ ခုနှစ်ကထက် ပြိုင်ပွဲဝင်ပေါင်းအယောက်(၂၀၀၀)ကျော် တိုးမြင့်လာကာ ပြိုင်ပွဲဝင်ပေါင်း(၈၀၀၀)ကျော် ရှိပြီး ပြည်တွင်းမှအပြေးသမား(၇၄၇၅)ဦးနှင့် နိုင်ငံတကာမှအပြေးသမား(၅၂၅)ဦးတို့ စာရင်းပေးသွင်းထား ကြောင်း သိရသည်။

Check Also

ကျေးရွာအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်စဲခြင်းကြောင့်ဟုဆိုကာ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်

မျိုးမြတ်(မြစ်မခ) ပဲခူး၊ မတ် ၇ ရက်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ အဗျားဘိုတဲအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်စဲခြင်းကြောင့်ဟုဆိုကာ ဒေသခံ ရွာသားများက (၂)ပါတ်အတွင်း ဒုတိယအကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုကို မတ် ၇ …