Friday , September 22 2017
Home / FNews / ပြည်မြို့ အနောက်လက်ခုပ်ပင်ကျေးရွာ မီးလင်းရေးကော်မတီ တာဝန်ရှိသူတစ်ချို့အား မြို့နယ်ဥပဒေရုံးမှ အရေးယူနိုင်ရေးဆန္ဒထုတ်ဖော်တောင်းဆို

ပြည်မြို့ အနောက်လက်ခုပ်ပင်ကျေးရွာ မီးလင်းရေးကော်မတီ တာဝန်ရှိသူတစ်ချို့အား မြို့နယ်ဥပဒေရုံးမှ အရေးယူနိုင်ရေးဆန္ဒထုတ်ဖော်တောင်းဆို

သီဟလွင် (မြစ်မခ)

ပြည်၊ ဒီဇင်ဘာ (၂၃)ရက်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် အနောက်လက်ခုပ်ပင်ကျေးရွာမှ မီးလင်းရေး ကော်မတီ တာဝန်ရှိသူ တစ်ချို့အား မြို့နယ်ဥပဒေရုံးမှ အမြန်ဆုံးအရေးယူနိုင်ရေးအတွက် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဒီဇင်ဘာ(၂၃)ရက်နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အနောက်လက်ခုပ်ပင်ကျေးရွာရှိ မီးလင်းရေးကော်မတီတာဝန်ရှိသူများမှ မြေနုကျွန်းအကွက်ရိုက် ရောင်းချမှုအား ဥပဒေအတိုင်းဆောင်ရွက်နိုင်ရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအ၀င်တိုင်းအဆင့် ခရိုင့်တရားရုံးတို့မှ ကူညီပေးရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။

“ကျွန်တော်တို့ မျက်နှာစုံညီ ညှိနှိုင်းတုန်းကတော့ဆောင်ရွက်ပေးပါမယ်လို့ပြောပေမယ့် ဒီနေ့က ရက်ပေါင်း ၇၀ ပြည့်ပြီ။ အခုထိဘာမှထူးမလာဘူး။ အဲ့ဒါကြောင့် ဆန္ဒဖော်ထုတ်ရတာပါ။”ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်
ပြည်မြို့နယ်အုပ်ချုပ်ရေးအဆင့်တာဝန်ရှိသူများ၊ မြို့နယ်ရပ်တပ်ဖွဲ့မှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဥပဒေအရာရှိများနှင့် တိုင်းကြားထားသူတို့ မျက်နှာစုံညီတွေ့ဆုံခဲ့ပြီး အဆိုပါ အမှုအား ဥပဒေအရဆောင်ရွက်ပေးရန် တာဝန်ရှိသူတို့က သဘောတူခဲ့သောကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူများသည် တရားဥပဒေစိုးမိုးရေး ဒို့အရေး၊ တာဝန်ရှိသူများကူညီဆောင်ရွက် ပေးရေး ဒို့အရေး၊
ခရိုင်ဥပဒေအရာရှိနှင့်မြို့နယ်ဥကဒေအရာရှိတို့ကို စစ်ဆေးရေး တို့အရေး၊ စသည့်ကြွေး ကြော်သံများ ကြွေး ကြော်ပြီးအဆိုပါစာသားနှင့်အကြောင်းအရာများရေးသားထားသောဗီနိုင်းပိုစတာများ ကိုကိုင်ဆောင်ကာ
ပြည်ခရိုင်၊ပြည်မြို့နယ်တရားရုံးရှေ့နှင့်မြို့နယ်ဥပဒေရုံးရှေ့တို့တွင်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။

Check Also

ကလေးလုပ်သားများ ညှင်းပန်းနှိပ်စက်ခံရများကို ရပ်ကျေးအဆင့်အဖွဲ့များဖြင့် စောင့်ကြည့်မည်

အေမီအောင်(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ အလုပ်ရှင်၊ အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုခံနေရသည့် ကလေးလုပ်သားများ၏နစ်နာမှုများကို သိရှိစေရန် အ ထွေထွေအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကျေးအဆင့်စောင့်ကြည့်ရေးအဖွဲ့များဖြင့် စောင့်ကြည့်သွားမည် …