Friday , September 22 2017
Home / သတင်း / နိုင်ငံရေးသတင်း / အမျိုးသမီးဖိုရမ်​မှ ဆွေး​နွေးချက်များ ပင်​လုံတတိယအကြိမ်​အစည်းအ​ဝေးတွင် ​အ​ထောက်​အကူပြုရန်​ မျှော်လင့်​ထားဟုဆို

အမျိုးသမီးဖိုရမ်​မှ ဆွေး​နွေးချက်များ ပင်​လုံတတိယအကြိမ်​အစည်းအ​ဝေးတွင် ​အ​ထောက်​အကူပြုရန်​ မျှော်လင့်​ထားဟုဆို

 

ပိုင်​ထက် ​(မြစ်​မခ)

ရန်ကုန်​၊ စက်​တင်​ဘာ ၂၀ ရက်​။

ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​တွင် ​ကျင်းပသည့်​ အမျိုးသမီးဖိုရမ်​မှ ​ဆွေး​နွေးချက်​များမှာ ၂၁ ရာစု ပင်​လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ်​ကို အ​ထောက်​အကူပြုရန်​မျှော်​လင့်​ထား​ကြောင်း ကရင်​ပြည်​နယ်​လွှ​တ်ေ​တာ်​ဥက္ကဌ ​စောချစ်​​မောင်က​ ပြောဆိုလိုက်သည်​။

“အမျိုးသမီး​တွေက အရည်​အချင်းတွေ၊ အရည်​​အသွေးရှိတဲ့လူ​တွေ အများကြီးရှိပါတယ်​။ အခု​ဆွေးနွေးပွဲက လည်း ၂၁ ပင်​လုံအတွက်​၊ ငြိမ်းချမ်း​ရေးအတွက်​ အများကြီးအ​ထောက်​အကူဖြစ်​မယ်လို့မျှော်လင့်ထားတယ်။”ဟု ​စောချစ်​​မောင်​က ​​ပြောသည်​။

အဆိုပါ အမျိုးသမီးဖိုရမ်​ကို စက်​တင်ဘာ ၁၉ ရက်​မှ ၂၁ ရက်​​အထိကျင်းပလျက်ရှိရာ ကရင်ပြည်နယ် အမျိုးသ မီးများ အဖွဲ့ချုပ်​က ဦး​ဆောင်​ကျင်းပခြင်းဖြစ်​ပြီး အစိုးရအဖွဲ့အစည်း၊ အရပ်​ဖက်​အဖွဲ့အစည်း၊ တိုင်းရင်းသားလက် နက်​ကိုင်​များ၊ အမျိုးသမီး​ခေါင်း​ဆောင်​များအပါအဝင်​လူဦး​ရေ(၅၀၀)ဝန်းကျင် တက်​​ရောက်​​ဆွေး​နွေးနေကြောင်း သိရသည်။

“ကျွန်​​တော်​တို့ ကရင်​ပြည်​နယ်​မှာ ကျင်းပနိုင်​တာ အရမ်းဝမ်း​မြောက်​မိပါတယ်​။ အမျိုးသမီး​တွေအ​နေနဲ့လည်း အရည်​အချင်းရှိသူ​တွေများပါတယ်။ နိုင်​ငံအတွက်​လည်း အထောက်​အကူဖြစ်​မှာပါ။ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်မှာလည်း ပိုမိုပါဝင်​ဖို့လုပ်​​နေပါတယ်။”ဟု ကရင်​ပြည်​နယ်​လူမှုဝန်​ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦး​ဇော်​မင်းက ​ပြောသည်​။

မြန်​မာနိုင်​ငံ၏ ငြိမ်းချမ်း​ရေးတွင်​ ​ရေရှည်​တည်​တံ့ခိုင်​မြဲ​သော ငြိမ်းချမ်း​ရေးတည်​ဆောက်​နိုင်ရန်​ ရည်​ရွယ်​ထား​ကာ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်​ လုံခြုံ​ရေးအတွက်​ နိုင်​ငံ​တော်​အဆင့်​လုပ်​ငန်းစဉ်​များ​ ရေးဆွဲနိုင်ရေးအတွက် လည်း ဆွေး​နွေးမှုများပါဝင်မည်​ဖြစ်​​ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်​မှ မြန်​မာနိုင်​ငံ အ​ထွေ​ထွေအတွင်း​ရေးမှူး ​လွေးပိုးငယ်​က ​ပြောသည်​။

ဖိုရမ်​တွင်​ အမျိုးသမီးနှင့်​ နိုင်​ငံ​ရေး၊ အမျိုးသမီးနှင့်​​ ရွှေ့ပြောင်းဒုက္ခသည်​များအ​ကြောင်း၊ အမျိုးသမီးအကြမ်းဖက်​မှုများ၊ ငြိမ်းချမ်းရေးဖြစ်​စဉ်​များတွင်​အမျိုးသမီးပါဝင်​မှုစသည့်​ အ​ကြောင်းအရာများ​ ဆွေး​နွေးမည်ဖြစ်​​ကြောင်း သိရသည်​။

 

Check Also

အဆိုတွေကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၂၈ ရက်။ အဆိုများကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးကြရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် …