Friday , September 22 2017
Home / သတင်း / နိုင်ငံရေးသတင်း / ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြန်စမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြန်စမည်

 

မင်းအံ့သွန်း (မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်​ရှိမှာ​တော့ တပ်​​နေရာချထား​ရေးနဲ့ ပစ်​ခတ်​တိုက်​ခိုက်​မှု ​ပူးတွဲ​စောင့်​ကြည့်​​ရေးကို ​ဆွေး​နွေးသွားမှာ​ပေါ့။ ရလဒ်​ကို​တော့ ​ပြောလို့မရ​သေးဘူး။ ​ဆွေး​နွေးပွဲပြီးမှ ​ပြောလို့ရနိုင်​မှာပါ။”ဟု ​JMCU မှ အတွင်း​ရေးမှူး ၁ ​ဒေါက်တာ​ရွှေခါးက​ ပြောသည်

အဆိုပါ အစည်းအဝေးတွင် ဒေသခံအရပ်သားစောင့်ကြည့်သူများ (Local Civilian Monitors) ဖွဲ့စည်းရေး၊ လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စိစစ်အတည်ပြုရေး လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဌ၊ ဒုတိယ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် အစိုးရကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အရပ်သားကိုယ်စားလှယ်များ တက် ရောက်မည်ဖြစ်ကြောင်း သိရသည်။

Check Also

အဆိုတွေကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၂၈ ရက်။ အဆိုများကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးကြရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် …