Friday , August 3 2018
Home / သတင်း / နိုင်ငံရေးသတင်း / ရခိုင်ပြည်နယ် မောင်တောမြို့ အကြမ်းဖက်မှုတွင် အန်ဂျီအို၊ အိုင်အန်ဂျီအိုတစ်ချို့လည်း ပါဝင်နေဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြား

ရခိုင်ပြည်နယ် မောင်တောမြို့ အကြမ်းဖက်မှုတွင် အန်ဂျီအို၊ အိုင်အန်ဂျီအိုတစ်ချို့လည်း ပါဝင်နေဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြား

အေမီအောင် (မြစ်မခ)

ရန်ကုန်၊သြဂုတ် ၃၀ ရက်။

ရခိုင်ပြည်နယ် မောင်တောမြို့ အကြမ်းဖက်မှုတွင် အန်ဂျီအို၊ အိုင်အန်ဂျီအိုတစ်ချို့လည်း ပါဝင်နေသည်ကို သတင်းပေးပို့ချက်များအရ တွေ့ရှိရဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် သြဂုတ် ၂၉ ရက်က ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များအား အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ရဲမှူးချုပ် ဝင်းထွန်းတို့၏ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြို့ပေါ်တွေမှာတော့ ဘူးသီးတောင်၊ မောင်တောမှာတော့ အစိုးရအနေနဲ့ ထိန်းသိမ်းနိုင်တာရှိပါတယ်။ တပ်မတော်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ထိန်းသိမ်းလျက်ရှိပါတယ်။ အခုအကြမ်းဖက်အဖွဲ့အစည်းများမှာလည်း အန်ဂျီအု၊ိ အိုင်အန်ဂျီအို တစ်ချို့ပါဝင်တယ်လို့ ဖော်ထုတ်ဖို့ သတင်း ပေးထားတာကို တွေ့ရှိရပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား(၁၃၅)မျိုးဖြင့် တည်ထောင်ထားသည့်နိုင်ငံဖြစ်ပြီး ရိုဟင်ဂျာလူမျိုးသည် တိုင်းရင်း သား လူမျိုးများတွင် ပါဝင်ခြင်းမရှိဘဲ အဆိုပါဒေသရှိ အုပ်ချုပ်ရေးစနစ်များကိုလည်းဖျက်ဆီးရန် ရည်ရွယ်တိုက် ခိုက်ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိတွင် ဒေသခံတိုင်းရင်းသားများ ၎င်းတို့နေရပ်တွင် နေထိုင်နိုင်ခြင်းမရှိအောင် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနသည် တပ်မတော်နှင့် ပူးပေါင်းကာ တရားဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက် ရဲမှူးချုပ် ဝင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ၊ ဘူးသီးတောင်ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခြင်းကို အာမက် ဒူလာဆိုသူက ခေါင်းဆောင်ခဲ့ပြီး၊ ပြည်ပမှ ကူညီထောက်ပံ့မှုများ၊ ငွေကြေးထောက်ပံ့ပေးသူများ၊ အကြမ်းဖက် တိုက်ခိုက်မှုများကိုပြုလုပ်ရန် ဘင်္ဂါလီလူမျိုး(၁၀)ဦးပါဝင်သည့်အဖွဲ့များ၊ လေ့ကျင့်သည့်အဖွဲ့များကို ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများက အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် လက်လုပ်မိုင်း(၄၅)လုံးဖောက်ခွဲခဲ့ကာ ကျေးရွာ(၇)ရွာ၊ ရဲကင်းစခန်း(၁)ခုနှင့် မောင်တောမြို့ပေါ်ရှိ ရပ်ကွက် (၂)ခုတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်ချက် အရ သိရသည်​။

Check Also

အမျိုးသမီးဖိုရမ်​မှ ဆွေး​နွေးချက်များ ပင်​လုံတတိယအကြိမ်​အစည်းအ​ဝေးတွင် ​အ​ထောက်​အကူပြုရန်​ မျှော်လင့်​ထားဟုဆို

  ပိုင်​ထက် ​(မြစ်​မခ) ရန်ကုန်​၊ စက်​တင်​ဘာ ၂၀ ရက်​။ ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​တွင် ​ကျင်းပသည့်​ အမျိုးသမီးဖိုရမ်​မှ ​ဆွေး​နွေးချက်​များမှာ ၂၁ ရာစု ပင်​လုံ …